Monday, May 4, 2015

သျှမ်းပြည် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကို TNLA ယာယီ ထိန်းချုပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မန္တလေး လားရှိုး မူစယ် တရုတ် နယ်စပ် ကို ဆက်သွယ် ထားသည့် ပြည်ထောင်စု လမ်းမ မူစယ်-ကွတ်ခိုင် လမ်းပိုင်းအား TNLA ခေါ် တအာင်း (ပလောင်) တပ်မတော်က ယနေ့ မနက်ပိုင်းက ယာယီ ထိန်းချုပ် လိုက်သည်။

TNLA လက်နက်ကိုင် တပ်ဖွဲ့မှ ပြည်ထောင်စုလမ်း၏ ကွတ်ခိုင် - မူစယ် လမ်းပိုင်း အား ယနေ့ ဧပြီ ၂၉ ရက် နံနက်ခင်း ပိုင်းတပိုင်းလုံး ထိန်းချုပ်ကာ ဖြတ်သန်း သွားလာသည့် ခရီးသွားကားများ ကုန်တင် ယာဉ် များအား အခွန်အခ စောင့်ဆိုင်း ကောက်ခံ ခဲ့သည်ဟု ကားသမား ကိုအောင်အောင်က ပြောပါ သည်။

'' ကျနော်တို့က မကြုံဖူးဘူးလေဗျာ။ ကြောက်ကြတာပေါ့။ ကားဆရာတွေတော့ ပိုက်ဆံလိုက်ကောက် ပြီးပေးလိုက်တယ်။ ကုန်တင်ကား ၁၂ ဘီးကားဆို သုံးသိန်း၊ ၂၂ ဘိန်းကား ဆို ၅ သိန်းပေးရတယ်လို့ ပြောတယ်။ ခရီးသွားကားကတော့ ကားဆရာတွေ တောင်းတောင်းပန်ပန်နဲ့ပြောတတ်ရင် သောင်း ဂဏန်း ပေးရတယ်။ ပြေပြေပြစ်ပြစ်မပြောတတ်ရင်တော့ သိန်းဂဏန်းပေးရတယ် ။ ကျနော်တို့တော့ ခရီးသည်တင်ကားလေ။ ကားဆရာကတယောက် ၅ ထောင်စီ လာကောက်ပြီးပေးသွားတယ်" - ဟု ခရီးသွား အိုက်ဇင့် ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မမြင်ဖူး ဟုဆိုသည့် ခရီးသွား မန္တလေးသား ဦးခင်ညွှန့် ကလည်း စိုးရိမ်ကြောက်လန့်နေမိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

တအာင်းအမျိုးသားတပ်မတော် TNLA အနေဖြင့်လည်း ယနေ့ နံနက် ၈ နာရီမှ စ၍ နံနက်ခင်းပိုင်းတခု လုံး မူစယ် ကွတ်ခိုင် လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးထိန်းချုပ်ထားကြောင်း၊ ၄င်းတို့ စိုးမိုးသည့် နယ်မြေ ဖြစ်သည့်အတွက် ဖြတ်သန်းသွားလာသည့်ကားများအား ရန်ပုံငွေကောက်ခံရခြင်းကြောင်း သတင်းထုတ်ပြန်ထားပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာအစိုးရတပ်မတော် တပ်မ ၁၁ ၊ ၃၃၊ ၆၆၊ ရ၇၊ ၈၈ ၊ ၉၉ ၊၁၀၁ တို့မှလည်း အင်အားဖြည့်လှုပ်ရှားနေပါသည်။

No comments:

Post a Comment