Wednesday, January 27, 2016

ဆယ်အိမ်မှူးရွေးရာမှာ အုပ်ချုပ်ရေးမှူးဟောင်းကဖိအားပေးသတ်မှတ်ခိုင်းတယ်လို့ ဝေဖန်

မဇ္ဈိမ

ပါဒကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ဆယ်အိမ်မှူးများစတင်ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူးဟောင်းက ဖိအားပေးသတ်မှတ်ခိုင်းတာတွေ ရှိနေတယ်လို့ ပါဒကြီးရွာသားတစ်ချို့က မဇ္ဈိမကို သတင်းပေးပါတယ်။

"ဆယ်အိမ်မှူးတွေရွေးဖို့ ဆယ်အိမ်သတ်မှတ်တဲ့နေရာမှာ အရင်အုပ်ချုပ်ရေးမှူးကိုထောက်ခံတဲ့သူကိုပဲ ရွေးမယ့်သူကို ဆယ်အိမ်မှူးဖြစ်အောင် ရပ်ဖိရပ်ဖတစ်ချို့ကလုပ်နေတယ်။ နက်ဖြန် ဆယ်အိမ်မှူးရွေးတော့ မယ်အဲဒါကို ကျွန်တော်တို့က ကန့်ကွက်နေတာ။ နက်ဖြန်ကိုလည်း ကန့်ကွက်ကြမှာ" လို့ သတင်းပေးသူ အမျိုးသားကဆိုပါတယ်။

ပါဒကြီးကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖ ၅ဦးကိုရွေးချယ်ကာ ကျေးရွာကို ၄င်းတို့ငါးဦးဖြင့် အပိုင်းငါးပိုင်းခွဲကာ ဆယ်အိမ်မှူးရွေးချယ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ယင်း ၅ဦးအတွင်းမှ ၃ဦးမှာ ယခုအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများဖြစ်ပြီး အုပ်ချုပ်ရေးမှူးကိုထောက်ခံသူများ ဖြစ်သည်ဟု ကျေးရွာသူ/သားများက မဇ္ဈိမကိုသတင်းပေးသည်။

ပါဒကြီးကျေးရွာကို ရွာအရှေ့၊ ရွာမ၊ ကွမ်းခြံစု၊ ရွာလယ်ပိုင်းနှင့် ကွင်းထဲပိုင်းဟုဆိုကာ အပိုင်း ၅ခုခွဲကာ ဆယ်အိမ်မှူး ၇၀နီးပါးကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။

"အဓိကတော့ ရွာအရှေ့ပိုင်းမှာပြဿနာဖြစ်နေတာ၊ ၁၀အိမ်သတ်မှတ်တဲ့နေရာမှာ ဥပမာ ၁၃အိမ်ရှိတယ် ဆိုရင် အစဉ်လိုက် ၇အိမ်နဲ့ ၆အိမ်ဖြစ်ရမှာကို သူတို့က ပြောင်းပြန် ၆အိမ်နဲ့ ၇အိမ်ဆိုပြီးသတ်မှတ်တာရယ်။ အဲဒီမှာ အခုအုပ်ချုပ်ရေးမှူးကို ထောက်ခံတာ၊ မထောက်ခံတာနဲ့ ပြဿနာရှုပ်နေတာပါ။ ကျွန်တော်အ ပိုင်းကတော့ ပြဿနာမရှိဘူး" ဟု ကွင်းခြံစုပိုင်း ဆယ်အိမ်မှူးရွေးချယ်ရေး ကြီးကြပ်သူ ရပ်မိရပ်ဖဦး စော မြင့် ကပြောသည်။

အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးလုပ်ငန်းစဉ်အတွင်း ပြည်သူများပူးပေါင်းပါဝင်ကာ၊ အဆင်ပြေဆုံးအဖြစ် ရွေးချယ် နိုင်ရေးအတွက်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြဿနာများရှုပ်ထွေးပြီး ရွေးချယ်နိုင်ခြင်းမရှိက ရွေးချယ်မှုကိုရပ်ဆိုင်း ကာပြင်ဆင်ဆောင်ရွက်နိုင်သည်ဟုလည်း ပါဒကြီးကျေးရွာသို့ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်ဟု ၄င်းကဆိုသည်။

ပါဒကြီးကျေးရွာနီးတူ တစ်နိုင်ငံလုံးတွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုပြန်လည်ရွေးချယ်နေပြီး အုပ်ချုပ်ရေးမှူးဟောင်းများ၏ ပါဝင်ပက်သက်မှုများရှိနေသည်။

No comments:

Post a Comment