မျိုးသူအောင်
ATM စက်များတွင် ကဒ်အတုဖြင့် ငွေထုတ်ယူခဲ့သည့် ဘူဂေးရီးယားနိုင်ငံသားအမှုတွင် တရားလိုပြ သက်သေ နှစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ် လ၀က ဦးစီးမှူး ဦးမိုးသူနှင့် ကမ္ဘောဇဘဏ် ATM ကဒ် ဌာန မန်နေဂျာ ဦးအောင်ပြည့်တို့ကို ဖေဖေါ်ဝါရီ ၁၉ ရက်နေ့က ကမာရွတ်တရားရုံး၌ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
လ၀က တိုင်းဦးစီးဌာနမှ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သတင်းပေးလာသည့်အတွက် စုံစမ်းစစ်ဆေးရာတွင် ဘူဂေးရီးယားနိုင်ငံသားသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် သက် တမ်းမှာ ယင်းနှစ် နိုဝင်ဘာ ၂ ရက်နေ့၌ပင် ကုန်ဆုံးနေပြီဖြစ်သဖြင့် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော အက် ဥပဒေအရ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့နယ် လ၀က ဦးစီးမှူး ဦးမိုး သူက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
" ငွေထုတ်တာ မထုတ်တာ နဲ့ ပတ်သက်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ ဗီဇာ သက်တမ်းကုန်နေတဲ့အတွက် ကျွန် တော်တို့ လ၀က အက်နဲ့ကတော့ ညိနေပါတယ်"ဟု ကမာရွတ်မြို့နယ် လ၀က ဦးစီးမှူး ဦးမိုးသူက တရားရုံးတွင် ထွက်ဆိုသွားသည်ကိုတွေ့ရသည်။
ယင်းအမှုနှင့် ပတ်သက်၍ ယခုအကြိမ် ရုံးထုတ်ခြင်းမှာ (၆) ကြိမ်ဖြစ်ပြီး ဘာသာစကားအခက်အခဲကြောင့် ယခု အကြိမ်မှသာ တရားလိုပြသက်သေများကို စတင် စစ်ဆေးနိုင်ခြင်းဖြစ်သည်။ ဖေဖေါ်ဝါရီ ၅ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးတွင် (၅)ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပြီး ဘာသာစကား အခက်အခဲကြောင့် အင်္ဂလိပ်ဘာသာ စကားပြန်လျောက်ထားခြင်းကို မြို့နယ်တရားသူကြီးက လက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုအတွက် မတ်လ ၇ ရက်နေ့တွင် ဦးအောင်ပြည့်စုံနှင့် ဦးမိုးသူတို့အား ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment