Tuesday, March 29, 2016

ဥပဒေစိုးမိုးရေး နှင့် လာဘ်ပေးလာဘ်ယူပပျောက်ရေး ဦးစားပေးမည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် သစ်ပြော

စည်သူမောင်မောင်

ဧရာဝတီတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​အဖြစ်​​ ရွေးချယ်​ခန့်​အပ်​ခံရသူ ဦးမန်း​ဂျော်​နီက ဥပ​ဒေစိုးမိုး​ရေးနှင့်​လာဘ်​​ပေးလာဘ်​ယူပ​ပျောက်​​ရေးအား ကိုင်​တွယ်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း မတ်​လ၂၇ရက်​​နေ့တွင်​ မီဒီယာများအား​ပြောသည်​။ "ပါတီက​ရွေးတာ ငါတို့ရယ်​ ၂၈နှစ်​​ကျော်​ရင်းခဲ့တဲ့ အရင်းအနှီး​ကြောင့်​​ရွေးတယ်​လို့ယူဆတယ်။ ဘာလို့လည်းဆို​တော့ ကိုယ်​စားလှယ်​ သုံးကြိမ်​ဖြစ်​ခဲ့တယ်​။ ပါတီအ​ပေါ်မှာနားလည်​မှု၊ ပါတီအ​ပေါ်သစ္စာရှိမှု၊ ပါတီ တ​လျှောက်​ဖြတ်​သန်းလာတဲ့အ​ပေါ်မှာ လူသား​တွေအ​ပေါ်မှာ သစ္စာရှိမှုကိုမူတည်​ပြီး​တော့​ရွေးတယ်​လိုထင်​တဲ့အတွက်​​ကျေနပ်​တယ်။"ဟု ဝန်​ကြီးချုပ်​အဖြစ်​​ရွေးချယ်​ခံရသူ ဦးမန်း​ဂျော်​နီက ​ပြောသည်​။

 ဦးမန်း​ဂျော်​နီသည်​ ၁၉၉၀ခုနှစ်​တွင်​ ကျုံ​ပျော်​မြို့နယ်​ကိုယ်​စားလှယ်​၊ ၂၀၁၂ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ​မြောင်းမြမြို့နယ်​ပြည်​သူလွှတ်​​တော်​ကိုယ်​စားလှယ်​၊ ၂၀၁၅​ရွေး​ကောက်​ပွဲတွင်​ ကျုံ​ပျော်​မြို့နယ်​အမှတ်​၁တိုင်း​ဒေသကြီးကိုယ်​စားလှယ်​​အဖြစ် ရွေးချယ်​ခံရပြီး၊ တိုင်းဝန်​ကြီးချုပ်​​ရွေးချယ်​ခံရခြင်းဖြစ်​သည်​။ "၅နှစ်​အတွက်​ သွားရာမှာက စာရိတ္ထကိုအ​ခြေခံပြီးသွားမယ်​၊ဥပ​ဒေဟာ​ရေးထား​တော့ စာရွက်​​ပေါ်မှာရှိတယ်။ ဖြစ်​သွားတဲ့အစိတ်​အပိုင်း​တွေမှာ ဥပ​ဒေကိုစာရွက်​​ပေါ်မှာထားပြီး​တော့ တကယ်​မလိုက်​​လျောလို့ အားလုံးဖြစ်​သွားတဲ့ ဥပ​ဒေအတိုင်း ပြန်​စစ်​ပြီး အရင်​ဆုံးလုပ်​​ဆောင်​မယ်​"ဟု ဝန်ကြီးချုပ်အသစ် ဦးမန်း​ဂျာ်နီကေ​​​ပြာသည်​။

"ကိုယ်​အုပ်​ချုပ်​တဲ့​နေရာမှာ ​ကျောသားရင်​သားမခွဲခြားပဲ ပွင့်​ပွင့်​လင်းလင်းနဲ့အားလုံးကိုနားလည်​​မှု​ပေးပြီးအုပ်​ချုပ်​မယ်​"ဟုလည်း ၎င်းက ဆိုသည်​။ နိုင်​ငံ​တော်​ သမ္မတ ဦးထင်​​ကျော်​မှ ဧရာဝတီတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​အဖြစ်​ ကျုံ​ပျော်​မြို့နယ်အမှတ်​​၂တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ဦးမန်း​ဂျော်​နီအား​ရွေးချယ်​​ကြောင်းသိရှိရပြီး မတ်​လ၂၈ရက်​​နေ့တွင်​ တိုင်း​ဒေသကြီးလွှတ်​​တော်​တွင်​ အတည်​ပြုမည်​ဖြစ်​သည်​။ ၂၀၁၀မှ၂၀၁၅အထိ ဧရာဝတီတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​အဖြစ်​ တာဝန်ယူခဲ့သည့် အင်္ဂပူမြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးသိန်း​အောင်​က ဝန်​ကြီးချုပ်​တာဝန်အား မတ်​လ၃၀ရက်​​နေ့တွင်​ လွဲ​ပြောင်းမည်​ဖြစ်​သည်​။

No comments:

Post a Comment