မျိုးသူအောင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရည်အချင်းပျက်ယွင်းသူများအဖြစ် ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် စုစုပေါင်း ၁၆၀ဦး စာရင်းကို ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းက ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ၁၆၀ဦးမှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ခရိုင် ကော်မရှင်များထံသို့ တင်သွင်းရန် ပျက်ကွက်ခြင်းကြောင့် ယခုကဲ့သို့ အရည်အချင်း ပျက်ကွက် သူများအဖြစ် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထော်စုရွေးကောက်ပွဲကော်မရှင်က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့် သွင်း ဖော်ပြထားသည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သူများကို အရည်အချင်း ပျက်ယွင်းသူများ အဖြစ် ကြေညာရန် သင့်မသင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်း ၍ စစ်ဆေးဆုံးဖြတ်စေခဲ့ကြောင်းလည်း သိရသည်။
အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈(ဂ)အရ ယင်းသို့ကြေညာည့်နေ့မှစ၍ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ထည့်သွင်းကြေညာထားသည်။
No comments:
Post a Comment