Wednesday, April 27, 2016

ဆန္ဒပြနေသည့် အလုပ်သမားများကို ပီနန်စက်ရုံစာရေးက ဆိုင်ကယ်ဖြင့်ဝင်တိုက် ၃ ဦးဒဏ်ရာရ

အောင်ကိုဦး

လုပ်ရှင်အလုပ်သမားချုပ်ဆိုထားသော သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်မှ ချိုးဖောက်သည့်အတွက် ရွှေလီနန်း ပီနံစက်ရုံမှ အလုပ်သမား ၅၀ ခန့်က စက်ရုံရှေ့တွင် ထိုင်၍ ဆန္ဒပြနေစဉ် စက်ရုံစာရေးက လူအုပ်ထဲသို့ဆိုင်ကယ်ဖြင့် ဝင်တိုက်ရာ အလုပ်သမား ၃ဦးဒဏ်ရာရခဲ့သည်ကိုတွေ့ရသည်။ မငွေမြအပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဆန္ဒပြရာတွင်ပါဝင်သူ မအေးအေး ကပြောသည်။

 "ကျွန်မတို့ ဆန္ဒပြတဲ့လူအုပ်ထဲကို ဆိုင်ကယ်စီး ဝင်းပြီး တိုက်တာပါ။။မငွေမြကတော့ ခြေထောက်ဖြစ်တာပါ။ကျန်တဲ့နှစ်ဦးက လက်ရော၊ခြေထောက်ရောဖြစ်တယ်။ဒဏ်ရာပြင်းမပြင်းက ဆေးရုံက ပြန်လာမှသိရမှာပါ။ကျွန်မတို့က အခုညှိုနေကြတယ်။"ဟု မဇာဇာ ကပြောသည်။ အဆိုပါကိစ္စကို အလုပ်သမားများက ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်တိုင်းကြားထားသည်ဟု အလုပ်သမားများကဆိုသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးက "ညှိုနေကြပါတယ်။ညှိုတုန်းဆိုတော့ ဘာမှပြောလို့မရသေးဘူး။"ဟုပြောသည်။

 အဆိုပါ အလုပ်သမား ဒဏ်ရာရရှိမှုနှင့်အလုပ်ရှင်ဖက်မှ စာချုပ်ပါ အချက်များချိုးဖောက်မှုကို ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူရုံးတွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ကစတင်ညှိုနှိုင်းနေရာ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်အထိ ညှိုနှိုင်းမှုမှာ အဆင်မပြေသေးပေ။ သဘောတူစာချုပ်တွင် အလုပ်ချိန် ၈ နာရီ၊လုပ်အားခ ၃၆၀၀ ကျပ်ပေးမည်ဟုပါရှိသော်လည်း အမှန်တကယ်လုပ်နေရခြင်းသည် ၁၀ နာရီအထိဖြစ်ပြီး လုပ်အားခကိုလည်း ၂၀၀၀ သာပေးခဲ့သည်ဟု ဆန္ဒပြနေသော အလုပ်သမားများကဆိုသည်။

No comments:

Post a Comment