Sunday, May 1, 2016

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး နှင့် HIV အန္တရာယ်လျော့ချရေး ပြည်သူလူထုပါဝင်နိုင်ရန် 3MDG Fund တိုက်တွန်း

ဖနိတ

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးနှင့် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး လှုပ်ငန်းများကို လုပ်ဆောင်ရန် “ဒေသခံများ ဦးစီးသော မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ် လျှော့ချရေး စီမံကိန်း” ကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ(The Three Millennium Development Goal Fund-3 MDG)က စတင်လိုက်သည်။ ကချင်ပြည်နယ်အတွင်း လူထုအခြေပြု စီမံချက်တစ်ခုကို စတင်ကာ မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ် လျှော့ချရေးနှင့် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေးလှုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူ ထုမှ ပါဝင်ကူညီရန် လှုပ်ငန်းများတွင် ပြည်သူလူထှု ပါဝင်ကူညီရန် 3 MDG) သည် တိုက်တွန်းလိုက် ခြင်း ဖြစ်သည်။

 ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သော မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း နှင့် နှိုင်ငံတကာ အစိုးရ မဟုတ်သော ကမ္ဘာ့ဆရာဝန်များအဖွဲ့(Medecins Du Monde-MDM)တို့က 3 MDG ၏ ရန်ပုံငွေဖြင့် စီမံချက် လှုပ်ငန်းတစ်ခုကို စတင်ရန် ဧပြီလ ၂၈ ရက်က ကြေငြာချက် ထုတ်ပြန် ၍ စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းကို ကချင်ပြည်နယ် မိုးညှင်း၊ ဝိုင်းမော်၊ တနိုင်း၊ ဗန်းမော် စသည့် မြို့နယ်များတွင် မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးနှင့် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထုအကြား မူးယစ်ဆေးဝါးစွဲမှုသည် ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ကြောင်း ပိုမိုသဘောပေါက် နားလည်လာစေမည် ဖြစ်ကြောင်း ဆိုထားသည်။ ဝန်ဆောင်မှုအဖြစ် အိတ်ခ်ျအိုင်ဗီ နှစ်သိမ်းဆွေးနွေးခြင်း၊ စစ်ဆေးခြင်း၊ လိင်မှတစ်ဆင့် ကူးစက် သည့် ရောဂါများ စစ်ဆေးခြင်းနှင့် ကုသခြင်း၊ အသည်းရောင် အသားဝါ စီပိုးစစ်ဆေးခြင်း၊ ဆေးထိုး အပ်များဖြန့်ဝေခြင်းနှင့် အသုံးပြုပြီးသား ဆေးထိုးအပ်များကို ပြန်လည်သိမ်းယူခြင်း၊ ကွန်ဒုံးများ ဖြန့်ဝေ ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ တီဘီစစ်ဆေးခြင်းနှင့် ကုသခြင်း၊ အေအာရ်တီဆေးနှင့် မက်သဒုန်း အစားထိုးကုသခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဘိန်းထွက်ရှိမှု အများဆုံးဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၏ အိတ်ခ်ျအိုင်ဗီဖြစ်ပွားမှုနှုန်းသည် နိုင်ငံ၏ ပျမ်းမျှဖြစ်ပွားမှုနှုန်းထက် ပိုမိုမြင့်မားလျက်ရှိနေပြီး ပြည်နယ် အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားခြင်းကြောင့် မူးယစ်ဆေးသုံးစွဲမှုကို စက်ဆုတ်ဖွယ်အဖြစ် ရှုမြင်ကာ ဒေသခံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူးယစ်ဆေး သုံးစွဲသူများအပေါ် ကိုယ်ထူကိုယ်ထ ဖြေရှင်းလျက်ရှိရာ အန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များနှင့် အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး လုပ်ငန်းများကို ထိခိုက်မှုများ ရှိလာခဲ့ပါသည်ဟု ထည့်သွင်းထားသည်။

 “အိတ်ခ်ျအိုင်ဗီကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မေတ္တာအဖွဲ့ရဲ့ လူထုအခြေပြု ဆောင်ရွက်မှုများနဲ့ MDM အဖွဲ့ရဲ့ နည်းပညာ အကူအညီတွေ ပူးပေါင်းပြီးတော့ ဒီလှုပ်ငန်းစဉ်တွေကို ပိုမို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့ မျော်လင်ပါတယ်”ဟု 3MDG ၏ ရန်ပုံငွေညွန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆဲန်ဒါက ပြောကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အမျိုးသားစီမံချက် ကို ပံ့ပိုးပေးရန် 3MDG သည် မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် အိတ်ခ်ျအိုင်ဗီကာကွယ်ရေး လှုပ်ငန်းများ ကို အမေရိကန်ဒေါ်လာ ၃၀.၅ သန်း ထောက်ပံ့လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲသူ ၃၀၀၀၀ ကျော်ကို အန္တရာယ်လျှော့ချရေး လုပ်ငန်းများဖြင့် စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ရောဂါ ကူးစက်မှုများမှ ကာကွယ်ရန် ဆေးထိုးအပ်၊ ဆေးထိုးပြွန် ၁၀ သန်းကိုလည်း ဖြန့်ဝေပေးခဲ့သည်ဟု ဆိုထားသည်။

3MDG သည် မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် သက်ဆိုင်သော ထောင်စုနှစ် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက် (၃) ခု ပြည့်မီစေရန် ကြိုးပမ်းရာတွင် ကူညီမှုများပေးသွားမည်ဖြစ်ပြီး ကလေးသေဆုံး မှုနှုန်း လျော့ချရန်၊ မိခင်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်ရန်၊ အိပ်ခ်ျအိုင်ဗီ၊ တီဘီနှင့် ငှက်ဖျား ရောဂါများကို တိုက်ဖျက်ရန် စသည့် ရည်မှန်းချက်များ တိုက်ဖျက်ရန်တို့ ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ရန်ပုံငွေ ကူညီပံ့ပိုးသည့် ငါးနှစ်တာ စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment