Thursday, June 2, 2016

စက်လှေနစ်မြုပ်မှုတွင် ရခိုင်ကျောင်းသား ၇ ဦး ပျောက်ဆုံးနေဆဲ

ကျော်မင်း (စစ်တွေ)

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် အထက်တန်းကျောင်းသားများ တင်ဆောင်လာသည့် စက်လှေမှာ ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နေ့လည် ၁ နာရီခန့်က နစ်မြုပ်ခဲ့သည်။ စက်လှေသည် ပိုးရွှီပြင်ကျေးရွာမှ ဂန့်ဂါကျေးရွာသို့ အသွားတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် ကျောင်းသား ၃၅ ဦးပါရှိခဲ့သည်။

နစ်မြုပ်မှုဖြစ်ပြီး မရှေးမနှောင်းမီပင် ဒေသခံများ၏ ကယ်ဆယ်ပေးမှုကြောင့် ကျောင်းသား ၂၈ ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၇ ဦးမှာ ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။ "ကျနော်တို့ ဒီနေ့ မနက်ထိ ရှာဖွေနေဆဲပါ။ ၇ ဦး ပျောက်နေသေးပါတယ်။" ဟု ပိုးရွှီပြင်ရဲစခန်းမှ မဇ္ဈိမကို ပြောသည်။ ပျောက်ဆုံးနေသော ကျောင်းသား ၇ ဦးတွင် သတ္တမတန်း (၃) ဦး၊ အဌမတန်း(၃) ဦးနှင့် နဝမတန်း (၁)ဦးခန့်ပါဝင်ပြီး လှေမောင်းနှင်သူအား သက်ဆိုင်ရာရဲစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

No comments:

Post a Comment