Thursday, September 1, 2016

အစိုးရတပ်မှ လက်နက်ကြီး လေ့ကျင့် ပစ်ခတ်မှု KIA စိုးရိမ်

Kachinnews


မြစ်ကြီးနား-နမ္မတီး ရထားလမ်း မြစ်ကြီးနား အလွန် ပြည်ထောင် တပ်မတော် လေ့ကျင့်ရေး ကျောင်းမှ ယနေ့ မိုးလင်းပေါက် လက်နက်ကြီးများ ပစ်ခတ်မှု ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ စိုးရမ်ကြောင်း သိရသည်။

ပြည်ထောင် အခြေစိုက် အမှတ် (၇) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်း က သန်းခေါင် ၁၂ ခန့်မှ ယနေ့ နံနက် ၆ ခန့်အထိ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ် လေ့ကျင့်ခဲ့သည် ဟု ဒေသခံများ ပြောလာပါသည်။

တပ်မတော်ဘက် က ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို NCA ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးရန် စစ်ရေးအရ ဖိအားပေးခြင်း ဖြစ်နိုင်သည်ဟု စစ်ရေး သုံးသပ်သူများ ပြောပါသည်။

အစိုးရစစ်တပ်များ ယခုလို လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်လာသည့်အတွက် မြစ်ကြီးနားနှင့် နမ္မတီး မြို့ပြင်ရှိ KIA တပ်ရင်း ၁၁ ဘက်ကလည်း လုံခြုံရေး တင်းကြပ်ထားသည်ဟု သိရသည်။ KIA တပ်ရင်း ၁၁ နှင့် အစိုးရတပ်ဖွဲ့တို့ကြား ယခုလ တွင်း တိုက်ပွဲ အချို့ ဖြစ်ပွားခဲ့သည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အားဖြင့် KIO သည် မနက်ဖြန် သြဂုတ် ၃၁ ရက်နေ့မှ စတင်ကျင်းပမည့် ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံ’ တက်ရန် KIO ခေါင်းဆောင်များ ထွက်ခွာသွားပြီ ဖြစ်သည်။

ညီလာခံ ကာလအတွင်း တပ်မတော်မှ KIA အား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ပေးရန် UNFC မှ တပ်မတော်ကို ပန်ကြားထားကြောင်း KIO သတင်းရပ်ကွက်က ပြောပါသည်။

No comments:

Post a Comment