နိရဉ္စရာ၊
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ဦးဆောင်သော ရခိုင်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်က ရခိုင် စစ်တွေမြို့မှ ဘူးသီးတောင်သို့ မြို့သို့ရောက်ရှိလာကြောင်း သိရသည်။
ယနေ့ ဘူးသီးတောင်သို့ ရောက်ရှိလာသော လွှတ်တော်ကိုယ်စားအဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ် ဥက္ကဋ္ဌနှင့် အတူ ယခင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ် လွှတ်တော် မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် တာဝန်ခံ ဦးအောင်ဝင်နှင့် ဒုတာဝန်ခံ ဦးဇော်ဇော်မြင့် (ကြံ့ခိုင်ရေးပါတီ)၊ ဦးကျော်ဝင်း၊ ဦးထွန်းသာစိန်၊ ဦးဦးသန်းနိုင်၊ ဦးမောင်မောင်၊ ဦးထွန်းအောင်သိန်းနှင့် ဦးခင်မောင်ကြီး စသည့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သေည်။
အဆိုပါ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နေ့လယ်က ဘူးသီးတောင်မြို့ အထက (ခွဲ)တွင် ဒေသခံ ပြည်သူများ၊ ခိုလှုံရောက်ရှိနေကြသော မောင်တောမြို့နယ်မှ စစ်ပြေးရှောင် မိသားစုများနှင့် တွေ့ဆုံပြီး လွှတ်တော်ကိုယ်စားလှယ်များက စုပေါင်း ထောက်ပံ့သော ကျပ် သိန်း (၂၀) ကို ကူညီခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှမှ ထွက်ပြေးခိုလှုံနေကြသော မိသားစုများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment