လေးငယ်
၁၊၊ ဗိုလ်သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရက မြန်မာ တနိုင်ငံလုံးကို နိုင်ထက်စီးနင်း သည့်စနစ် ဖြင့်အုပ်ချုပ် နေသည်မှာ လူတိုင်းနီးပါး နားလည် လိမ့်မည်ဟု ယုံကြည် ပါသည်၊၊ ၄င်းမှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ပုံ အခြေခံ ဥ ပဒေကို တဖက်သတ် ရေးဆွဲခြင်း၊ တဖက်သတ် အတည်ပြုခြင်း နှင့် ပုံဖေါ်ခြင်း (၂ဝ၁ဝ) ရွေးကောက်ပွဲ ဆို သည့်အရာသည် အထင်ရှားဆုံး သာဓက များပင်ဖြစ် ပါသည်၊၊ သို့သော် ဤအ ခြေအနေ ထဲမှာမှ အဆိုးထဲ ကအကောင်း၊ မရှိတာထက် တခုခုရှိနေ သည်ကအကောင်း၊ ဆိုသည့် အမြင်မျိုးလည်း မြင်တတ် သဘော ထား တတ်သည့် လူတွေလည်း ရှိပါ သေးသည်၊၊ ဤသို့ ဆိုလျှင် ဤလူတွေဟာ ဤသို့သော သဘောထား မျိုးကို ဘာကြောင့် ဤကဲ့သို့ သဘော ထားပြီး မြင်နေရ ပါသလဲ လေ့လာကြ စေလို ပါသည်၊၊
၂၊၊ ဒီမိုကရေစီလိုချင်ရင် နိုင်ငံတကာပိတ်ဆို့ဒါဏ်ခတ်မှုကို ရပ်ပေးပါ၊၊ ဆိုသည့်စကား နအဖဝန်ကြီးချုပ် ဗိုလ် သိန်းစိန်က ပြောခဲ့ဘူးပါသည်၊၊ သဘောမှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီသည် ၄င်းတို့နှင့်မဆိုင်သလိုမျိုး ပြောကြားလိုက်ပြီး အပေးအယူလုပ်ရေးလောက်ကိုသာ သဘောထားလိုက်ခြင်း ဖြစ်ပါသည်၊၊ ထို့အပြင် နာဂစ်ကာလက ထားရှိခဲ့သည့် နအဖစေတနာကိုလည်း၊ ကြားမြင်သိနေကြပြီးဖြစ်ပါလိမ့်မည်၊၊ ဤကဲ့သို့လူထု အပေါ်စေတနာမဲ့နေသော အခြေအနေမျိုးအောက်မှာ စစ်အစိုးရထံမှ ဘာတွေမျှော်လင့်စရာ ရှိနေပါသနည်း၊၊
၃၊၊ နအဖသည်၊ မိမိတို့၏ကိုယ်ကျိုးစီးပွားများ မထိခိုက်သည့် လုပ်ငန်းများနှင့် အကျိုးစီးပွားများကို ၄င်းတို့ကိုလိုလားသူများအား မျှဝေတတ်ပါသည်၊၊ ဤအချက်ကို ထောက်ရှုလိုက်လျှင် ၄င်းတို့၏တပည့် အဖြစ်သော်လည်းကောင်း၊ နောက်လိုက်ကောင်းအဖြစ် သော်လည်းကောင်း၊ ခံယူခဲ့ပါလျှင် မျှော်လင့်စရာ အကျိုးစီးပွားတချို့ ရှိပါသည်၊၊ ဤသည်လည်း နအဖဖက်ကယုံကြည်မှလည်း ဖြစ်ပေသည်၊၊
၎၊၊ မွန်လူ့အဖွဲ့အစည်းထဲမှ လူတချို့မှာလည်း၊ နအဖထံမှမျှဝေပေးသည့် အကျိုးစီးပွားများကို ရယူလိုပါ သည်၊၊ ထိုအကျိုးစီးပွားများသည်၊ ပုဂ္ဂိုလ်ရေးထက် အမျိုးသားရေး အကျိုးစီးပွားအတွက် ရည်ရွယ်သည်ဟု အကြောင်းပြနေကြပါသည်၊၊ ဘယ်လိုလူမျိုးများက ဘယ်လိုရည်ရွယ်ချက်များနှင့် လုပ်ဆောင်ကြမှာပါလဲ၊၊ အမှန်စင်စစ် ဤအဖွဲ့သည်၊ စစ်အစိုးရမှ ခွင့်ပြုလျင်(၂ဝ၁ဝ) ရွေးကောက်ပွဲကို ဝင်ပြိုင်မည့်သူ(၁၅)ဦးဖြင့် ဖွဲ့စည်းထားသော မွန်အဖွဲ့အစည်းကော်မီတီတခုဖြစ်ပါသည်၊၊ ၄င်းကော်မီတီသည် စစ်အစိုးရ၏ (၂ဝ၁ဝ) ရွေးကောက်ပွဲ ကျင်းပရေး လမ်းညွှန်အခြေခံစည်း မျဉ်းဥပဒေများ မကြေညာသေးသဖြင့် လောလောဆယ်၌ နာမည်မမှည့်နိုင်သေးတဲ့အဖွဲ့ ဖြစ်ပါသည်၊၊ ၄င်းကော်မီတီဝင် (၁၅)ဦး၏ အမည်စာရင်းတို့မှာ-
(၁) နိုင်တင်အောင် (မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း)
(၂) နိုင်စိုးမြင့် (မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်ဟောင်း)
(၃) နိုင်မြင့်ဆွေ(နိုင်လွီအောင်) မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်ဟောင်း၊
(၄) ဒေါက်တာနိုင်ဗညားအောင်မိုး (မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်ဟောင်း)
(၅) နိုင်သက်လွင် (မွန်အမျိုးသားဒီမိုကရေစီ၊ ဒုဥက္ကဌဟောင်း)
(၆) ဒေါက်တာမင်းနွယ်စိုး
(၇)နိုင်ငွေသိန်း(ဇနူမွန်)
(၈) ဒေါက်တာစိုးလင်း (၉ဝ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်)
(၉) ဒေါက်တာကြည်ဝင်း(၉ဝ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်)
(၁ဝ) နိုင်သိုက် (မွန်ယဉ်ကျေးမှု ကော်မီတီ)
(၁၁) နိုင်ရာဇာမွန် ဖြစ်ပြီး ကျန်သည့်(၄)ဦးမှာ ပုဂ္ဂိုလ်တို့၏ဆန္ဒအရ နာမည်မထုတ်ပြန်နိုင်သေးကြောင်းသိရပါသည်၊၊
၆၊၊ ဤကော်မီတီ၏ရည်ရွယ်ချက်မှာ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲဝင်ရေးဖြစ်ပါ သည်၊ ၄င်းတို့၏ရှုမြင်သုံးသပ်ချက်မှာ မွန်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်း တလျှောက်ကိုပြန် ကြည့်ရင်၊ နယ်ချဲ့ဆန့်ကျင်ရေးခေတ်၊ လက်နက်ကိုင်တော်လှန်းရေးခေတ် ဆိုပြီးနှစ်ပိုင်း ခွဲခြားရှုမြင်ကြောင်း၊၊ နယ်ချဲ့ဆန့်ကျင်ရေးခေတ်၌၊ တတိုင်းပြည်လုံးညီညွတ်ရေးကို ဦးစားပေး တည်ဆောက်သည့်ခေတ်ဖြစ်၍ လွတ်လပ်ရေးမှတပါး၊ မွန်အမျိုးသားရေးကို ဦးစားမပေးနိုင်ခဲ့ကြောင်း၊၊ သို့သော် လွတ်လပ်ရေးရပြီး နောက် ပိုင်းမှ အခုချိန်ထိ အခြေအနေ၌ လက်နက်ကိုင်တော်လှန်ရေးဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲလာခဲ့ကြောင်း ဆိုခဲ့ကြပါသည်၊၊
၇၊၊ မွန်ပြည်သူ့တပ်ဦးသည်၊ (၁ဝ)နှစ်ဆယ်မိုး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲပြီး၊ ဖဆပလ ဦးနုအစိုးရနှင့် လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ပြီး ဥပဒေဘောင်အတွင်းကျင်းပသည့် ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့ပါသည်၊၊ မည်သို့ပင်ဆိုစေ၊ ဤလုပ်ရပ်သည်လည်း မွန်အမျိုးသားများအတွက် ဒီမိုကရေစီမရရှိခဲ့ပေ၊၊ ဤအချိန်မှစပြီး မွန်အမျိုးအဖွဲ့အစည်း၌ လက်နက်ကိုင်အဖွဲ့အစည်းဟူ၍မရှိတော့ပေ၊၊
၈၊၊ မွန်ပြည်သစ်ပါတီသည်၊ မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်းတွင်းဝင်ရောက်ခဲ့ပြီး နောက်ပိုင်းယနေ့ထိ လက် နက်ကိုင်တော်လှန်ရေးနည်းဖြင့် ယနေ့တိုင်ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်၊၊ ဤသည်လည်း မည်သို့ပင် ဆိုစေ၊ မြေတလက်မမျှ လွတ်မြောက်အောင် မဆောင်ရွက်နိုင်ခဲ့သေးသလို၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ခေတ်ရှိနေရွေ့ လက်နက်ကိုင်တိုက်ပွဲသည်သာ အဓိကဟုမှတ်ယူကြဆဲရှိပါသည်၊၊ ၄င်းတို့သည်စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံသဖြင့် မကြာခင် ချေးမှုန်းခံရနိုင်ဖွယ် ရှိနေပြီး၊ အကယ်၍ခြေမှုန်းခံရလျင်
အင်အားအချို့ လျော့နည်းသွားနိုင်မည်ဖြစ်သည်၊၊
၉၊၊ မည်သို့ပင်ဆိုစေ၊ လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေ၊ မွန်အမျိုးသားတို့၏ အဓိက တာဝန်မှာ အမျိုးသားလွတ်မြောက်ရေးပင်ဖြစ်ပါသည်၊၊ (၂ဝ၁ဝ)ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟူသည့်ကော် မီတီသစ်သည်လည်း၊ ယနေ့အထိစစ်အစိုးရက အသိအမှတ်ပြုထားခြင်း မရှိသေးကြောင်း သိရပါသည်၊၊ ဤသို့ကြောင့် မည်သူကမည်သို့ပင်ဆိုစေကာမူ၊ မွန်အမျိုးသားသွေးစည်းညီညွတ်မှုသည် အဓိကအကျဆုံး ဖြစ်သည်၊၊ မွန်အမျိုးသားလွတ်မြောက်ရေး လုပ်နည်းကိုင်နည်းများကို ရှေ့တန်းမတင်သင့်ကြောင်း၊ မတူညီ သည့်အမြင်ပိုင်းများကို ဘေးချိတ်ပြီး အချင်းချင်းနားလည်မှု ရှိသင့်ကြောင်း သမိုင်းကလည်းသင်ပြခဲ့ပြီးပါပြီး၊၊ ထို့ကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးအကျိုးအတွက် ရည်စူးသူများမိမိတို့၏ ရည်မှန်းချက်များအတိုင်း ပြတ်ပြတ်သားသား အကောင်အထည်ဖေါ်ကြရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်၊၊ သို့သော် စစ်အစိုးရ သည် ၄င်းတို့၏အကျိုးစီးပွားအတိုင်း ဆောင်ရွက်နေသည်သာ ဖြစ်သည့်အတွက် မိမိတို့ကလည်း စစ်အစိုးရ ယုံကြည်နိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သွားသူအဖြစ် နဂါးသတ်သည့် လုင်ယောကျား နဂါးပြန်ဖြစ် သွားမှာကို စိုးရိမ်ရကြောင်း လေးစားစွာဖြင့် သတိပေးရေးသားလိုက်ရပါသည်၊၊
No comments:
Post a Comment