
အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ သာသနာ ဦးသျှောင် (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ) မှ ဦးဆောင်ပြီး ယနေ့နံနက် ၉ နာရီတွင် ကော့စ်ဘဇားမြို့ရှိ တောကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး သာသနဦးသျှောင် အဖွဲ့ (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ) မှ နာယက ဆရာတော် ဦးစန္ဒာဝရက ယခုကဲ့သို့ မိန့်ကြားသည်။
“ ဒီအခမ်းအနားကို ကျင်းပရတာက ပူဇော်ထိုက် ပူဇော်သင့် ပူဇော်အပ်တဲ့သူကို ပူဇော်ရတာက ဗုဒ္ဓတရားတော် အရ မင်္ဂလာဖြစ်တယ်။ နောက်ပြီး ပြည်တွင်းမှာဆိုရင် ဆရာတော်နဲ့ ပတ်သတ် တဲ့ ဟောပြောစုဝေးမှုတွေကိုလည်း မလုပ်နိုင်ကြတဲ့အတွက် ဒီနေ့လူငယ်တွေဟာ ဆရာ တော်ကို မသိတဲ့သူတွေ များလာကြတယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေ ဆရာတော်ကို မမေ့ပျောက်ကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာတော်မွေးနေ့ပွဲကို ကျင်းပရတာဖြစ် တယ်။”
အခမ်းအနားကို ရဟန်းတော်များအပါအ၀င် ရခိုင်အမျိုးသား ၃၀ ကျော်တက်ရောက်ခဲ့ပြီး ဆရာတော်၏ ဂုဏ်ကျေးဇူးများကို တက်ရောက်လာသူများက ဟောပြောခဲ့ကြသည်။
ဆရာတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရူပရွာနေ အဘဦးစံနှင့် အမိဒေါ်အောင်ကြွဇံတို့မှ ၁၈၇၉ စက်တင်္ဘာလ ၂၈ ရက်နေ့တွင် ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သားဖြစ်သည်။
ဆရာတော်မှာ ငယ်စဉ်ဘ၀က စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်တွင် ကိုယ်ရင်ဝတ်ခဲ့ပြီး နိုင်ငံ တကာလှည်လည်ကာ ပညာဆည်းပူးခဲ့သည်။ ဆရာတော်သည် ဘ၀တလျှောက်လုံးတွင် အဖိနှိပ်ခံ မြန်မာပြည်သူများကို နိုင်ငံရေး နိုးကြား လာစေရန် ထောင်အကြိမ်ကြိမ် အကျခံပြီး နိုင်ငံရေးတရားများကို မြန်မာပြည်အနှံ့ လှည့်လည်ကာ ဟောပြောခဲ့သည်။ ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့တွင် ရန်ကုန်တွင် ပျံလွန်တော်မူခဲ့သည်။
အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြီး ၁၁ တွင် ဆရာတော်အား ရည်စူး၍ ရေစက်ချ အမျှပေးဝေကာ အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။
No comments:
Post a Comment