
တပ်ကြပ်အဆင့်ရှိတဲ့ ဗမာအမျိုးသားသင်တန်းဆရာမှာ ကေအိုင်အို/အေ (ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့) ဌာနချူပ် လိုင်ဇာမြို့အနီး မုန်းဆိုင်ယန် စစ်သင်တန်းစခန်းကနေ ကေအိုင်အေ တပ်ဆင်ထားတဲ့ စက်သေနတ်နှစ်လက်ကိုယူပြီး ပြေးသွားတာဖြစ်ပါတယ်။
ကေအိုင်အေ ဖက်က ရှာဖွေစုံစမ်းနေပေမယ့် မတွေ့သေးတဲ့အတွက် အခု ထွက်ပြေးသွားသူဟာ မြန်မာ စစ်တပ်က အထူးလူလွှတ် စုံစမ်းခိုင်းတဲ့ သူဖြစ်ပြီး လွှတ်မြောက်သွားအောင်လည်း လိုင်ဇာဝင်ထွက် တံခါးဖြစ်တဲ့ လဂျားယန်ရွာကနေ မြန်မာစစ်သားတွေ စောင့်ကြိုပြီး ခေါ်ထုတ်သွားတာဖြစ်တယ်လို့ ကေအိုင်အေက ယူဆထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အို/အေ ဟာ မြန်မာစစ်အစိုးရဖိအားပေးနေတဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းဖို့ကို ခုချိန်ထိ လက်ခံခြင်းမရှိပါဘူး။
တဖက်မှာလည်း ဖြေရှင်းလို့မရတဲ့ နယ်ခြားစောင့်တပ် ပြဿနာကြောင့် နှစ်ဖက်ကြား စစ်ရေးအရ အပြိုင်ဆိုင် ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။
No comments:
Post a Comment