Saturday, December 18, 2010

သတ်မှက်ချက် မပြည့်မှီသူများ (၁ဝ)တန်းစာမေးပွဲဖြေဆိုခွင့် ပြုမည်မဟုတ်

ခိုနူမ်းထုန်သတင်း၊ ၁ဂ ဒီဇင်ဘာ ၂ဝ၁ဝ

၂ဝ၁ဝ-၂ဝ၁၁ ခုပညာသင်နှစ် (၁ဝ)တန်းစာမေးပွဲအတွက် သတ်မှတ်ချက်မပြည့်မှီသူများကို စာမေးပွဲဖြေဆိုခွင့်ပြု မည်မ ဟုတ်ဟု
ဟားခါးမြို့နယ် ပညာရေးမှူး ဦး အောင်သွလ်က ပြောသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ၁၀ တန်းကျောင်းသားများအား (၃)နာရီ စာ မေးခွန်းကို အစမ်းဖြေဆိုခိုင်းရာ (၃)ဘာ သာအထက် ကျခဲ့သည့် ၁၀
တန်းကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း မြို့နယ်ပညာရေးမှူးက ယခုလ (၁၁) ရက်နေ့တွင် ကျောင်းသားမိဘများအား ခေါ်ယူပြောဆိုခဲ့ ခြင်းဖြစ်သည်။

” အရည်အချင်းရှိတဲ့ ချင်း မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ရေးနဲ့ ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်မှာ ချင်းပြည် နယ်အောင်ချက် မြှင့်တင်ရေးအတွက် ယခုလို စီစဉ်တာဖြစ်တယ် လို့ မြို့နယ်ပညာရေးမှူးက ပြောတယ်” ဟု ကျောင်းသားမိဘတဦးက ဆိုသည်။

ထို့ အပြင် ယခုလ(၁၇)ရက်နေ့ကစပြီး ဟားခါးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအားလုံး တွင် (၃)နာရီ မေးခွန်း လွာများကို
အသီးသီးဖြေဆိုခိုင်းမည်ဖြစ်ပြီး သတ်မှတ်ချက်မပြည့်မှီသူများကို ၂ဝ၁၁-မတ်လတွင်ကျင်းပမည့် စာမေးပွဲတွင် ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ကျောင်းသားမိဘများ မထောက်ခံကြကြောင်း ပြောကြသည်။

” အစီအစဉ်က မိဘတွေဘက်ကနေပြန်ကြည့်မယ်ဆိုရင် အခု စာသင်နှစ်ပြည့်ဖို့ (၃)လဘဲကျန်တော့တယ်၊ သားသမီးတွေ စာကျက်ချိန် ရှိသေးတယ်၊
ကျေနပ်စရာတော့မရှိဘူး၊ ရှူံးရှူံးအောင်အောင် ဖြေဆိုခိုင်းသင့်တယ်” ဟု ဟားခါးမြို့ပေါ်မှ ကျောင်သား မိဘဖြစ်သူ ဒေါ်အိုင်ဘူးက ပြောသည်။

၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် ဟားခါးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၁ဝ)တန်း စာမေးပွဲကို ဖြေဆိုရန်
စာရင်းတင်ထားသူ (၅ဝဝ)ကျော်ရှိသည့်အနက် လူဦးရေ (၁ဝဝ)ခန့်သာ အောင်မြင်နိုင်မည်ဟု မြို့နယ်ပညာရေး မှူးရုံးမှ ခန့်မှန်ထားကြောင်းဟားခါးမြို့ပေါ်တွင် အထက်တန်းကျောင်း နှစ်ကျောင်းရှိကြောင်း သိရသည်။

No comments: