
“ဂိတ်ကြေးလည်း မတရား တောင်းတယ်။ ဖြတ်သွား ဖြတ်လာ ပြည်သူတွေ ကိုလည်း အတင်း စစ်ဆေး တာတွေ လုပ်တော့ ဒေသခံ တွေက မကျေနပ် တော့ဘူးလေ။ ကျတော့် ကိုလည်း စစ်တယ်လေ။” ဟု အစိုးရ ၀န်ထမ်းက ပြောသည်။
ဒေသခံများ ယင်းတို့ အတင်း အဓမ္မ စစ်ဆေး နေသည်ကို ဘဝင် မကျ လှသဖြင့် KIAအား မကြာခဏ လာရောက် တိုင်ကြား ခြင်းကြောင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)မှ ဝင်ပစ် ရခြင်း ဖြစ်သည်ဟု ဒေသ ခံများ ပြောပြချက် အရ သိရသည်။
အင်မောင်ခ ကျေးရွာ တံတား ဂိတ်တွေ ဂိတ်ကြေး ကောက်ခံ နေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ရွှေညောင်ပင် နယ်မြေခံ တပ်ရင်း ခမရ (၃၂၁) မှ စစ်သား ၃ ဦးအပြင် ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့ တို့အား KIAမှ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်။
No comments:
Post a Comment