
အစီရင် ခံစာ စာအုပ်နဲ့ ပတ်သက်သော သတင်းစာ ရှင်းလင်း ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် BWU အဖွဲ့မှ ယခုလ ၂၃ရက် ကြသပတေး နေ့က ပြုလုပ် ခဲ့သည်။
"မြန်မာ အမျိုး သမီး အလုပ် သမတွေ ခံစား နေရတဲ့ အခြေ အနေကို တခြား နိုင်ငံ တကာက လူတွေ သိစေ ချင်တယ်။ နောက်ပြီး တော့ ကိုယ်ရဲ့ မြန်မာ လူအဖွဲ့ အစည်းက သိစေ ချင်တယ် ကိုယ့်မြန် မာတွေ ဒုက္ခ ရောက်နေ တယ်ဆို တယ်ဆို တာကို။ ဒါကို ဝိုင်းဝန်း ပြီး တော့ ကူညီဖို့ ပေါ့။ ဒါက တော့ အဓိက ရွယ်ရည် ချက်ပါပဲ" ဟု BWU အထွေ အထွေ အတွင်း ရေးမှူး ဒေါ်နိုးနိုး ထက်စံက ပြောသည်။
အစီရင်ခံစာအား တရုတ်နယ်စပ်မြို့တစ်မြို့ ဖြစ်သည့် ရွှေလီမြို့၏ စီးပွါးရေးချဲ့ထွင်လာမှုနှင့် တနှစ်ထက် တနှစ် ပိုမိုများပြား လာသော မြန်မာ့ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမများ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရသော လုပ်ငန်းခွင် အခြေအနေနှင့် တရား ဥပဒေ ပိုင်း ဆိုင်ရာအရ အကာအကွယ်မဲ့သော အခြေအနေများ အောက်တွင် အလုပ် လုပ်ကိုင်နေကြရသော အမျိုးသမီးအလုပ်သမများ၏ ဘဝ ဖြတ် သန်းမှု အခြေအနေများကို လူအများသိရှိစေရန်အတွက် ဖြန့်ချီရဖြင်းဖြစ်သည်ဟု BWU အဖွဲ့ကဆိုသည်။
မြန်မာအမျိုးသမီး အလုပ်သမများ၏ ကြုံတွေ့နေရသော အခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ လည်း ဒေါ်နိုးနိုးထက်စံက ယခုကဲ့သို့ပြောသည်။
"ကျမတို့ ဆန်တာမှာရှိနေတဲ့ လာသမျှ လူအားလုံးက သူတို့ အကာအကွယ် ရတယ်ဆိုတာ တခါမှ မကြားရဘူး။ ဘယ်လောက်ထိ ဖြစ် နေလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် လူတိုင်းလူတိုင်း အဲလို အခြေနေမျိုး ဖြစ်တယ်ဆိုတာ ခန့်မှန်း ကြည့်လို့ရတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ လာတဲ့ အချိန်မှာ သူတို့ အကာကွယ်မဲ့နေတဲ့ အကြောင်းပဲ အမြဲတမ်းကြားနေတယ်။ ဥပမာ အလုပ်လုပ်တဲ့ အခါမှာ လုံခြုံ ရေး မရှိဘူး။ အလုပ်လစာ ဆိုလို့ရှိရင်လည်း သူတို့ ကောင်းကောင်းမွန်မွန် မရဘူး။ နောက်တခု ကျန်းမာရေးအရ ပြဿနာရှိတယ်။ ကျန်းမာရေးအရ စောင့်ရှောက်ခွင့်လိုချင်တယ် ဆိုလို့ရှိရင်လည်း ဆေးရုံ ဆေးပေးခန်းတွေမှာ သူများနည်းတူ လုပ်လို့မရဘူး။ ပြီးတော့ သူတို့ နေထိုင်မှုအရ ပြဿနာရှိတယ် အဲဒါကတော့ ဘယ်လို အလုပ်သမမျိုးမဆိုပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ နေထိုင်ခွင့် လက်မှတ် လုပ် မယ်ဆိုလို့ရှိရင်လည်း လက်မှတ်လုပ်ခက သူတို့ရတဲ့ လစာနှုန်းလောက် ဖြစ်နေတယ်။ ဒီတော့ သူတို့ လက်မှတ်လုပ်ဖို့အခက် အခဲဖြစ် တယ်။ အဲဒါကြောင့် သူတို့ဟာ တရားမဝင်ဖြစ်တယ်။ တရားမဝင်ဖြစ်လာတော့ သူတို့ ရပိုင်ခွင့်တွေ မရတော့ဘူး"

အစီရင်ခံစာ စာအုပ်ထုတ်လုပ် ဖြန့်ချီခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း ဒေါ်နိုးနိုးထက်စံက ဆက်ပြောသည်။
"ပထမတချက်ကတော့ နိုင်ငံတကာကို မီးမောင်းထိုပြလိုက်တာဖြစ်တယ်။ ပြီးတော့ ဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တယ်။ အဲဒီတော့ ဒီလို ပြဿနာဟာ တရုတ်မြန်မာနယ်စပ်မှာ ရှိတာကို ရှင်းပြလိုက်တာပေါ့။ နောက် ဒုတိယအချက်ကတော့ တရုတ်တွေဟာ သူတို့ကိုသူတို့ ကျင့်ဝတ်တွေကို သိပ်လိုက်နာတယ်လို့ ပြောတယ်။ အလုပ်သမားတွေအတွက်လည်း သိပ်အရေးပေးတယ်လို့ပြောတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ တကယ်ဟုတ်မနေဆိုတာကို မီးမောင်းထိုးပြနိုင်တယ်ပေါ့။ တရုတ်မြန်မာနယ်စပ်က မြန်မာ အလုပ်သမတွေရဲ့ အခြေ အနေကို ပြောပြချင်တယ်ဆိုရင် ကျမတို့ အစီရင်ခံစာကို အသုံးပြုပြီး ပြောပြနိုင်တယ်။ နောက်ပြီးတော့ သူတို့တွေဟာ အကူညီ လိုနေ တယ် ဘာအကူညီလိုနေလဲဆိုလို့ရှိရင် သူတို့ကို အကာအကွယ် ပေးနိုင်တဲ့ ဥပဒေလိုအပ်နေတယ်ဆိုတာကို လူတိုင်းသိရှိနိုင်မယ်။ တ ရုတ်တွေရဲ့ ဆက်ဆံပုံဟာ မတူဘူးဆိုတာကို သိရှိနိုင်မယ်။ ဒီတော့ သူတို့ကို ဖိအားပေးလို့ရှိရင် သူတို့ကိုယ်တိုင် ဒီဥပဒေတွေကိုလုပ် လာရမယ့် အခြေအနေတွေ ဖြစ်လာမှာပေါ့။"
အဆိုပါ အမျိုးသမီးအလုပ်သမများသည် ကျား၊မ ခွဲခြားဆက်ဆံခံရခြင်း၊ လုပ်အားခအနည်းငယ်သာရရှိခြင်းနှင့် အလုပ်ရှင်များ၏ လိပ်ပိုင်း ဆိုင်ရာ နှောက်ယှက်မှုမျးကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဖော်ပြထားသည်။
တကယ်လို့ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပိုပြီး ကောင်းမွန်စေချင်လျှင် တရုတ်မြေပေါ်တွင် ရှိသော မြန်မာ အလုပ် သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးမှုမှ စပြီး လုပ်ဆောင်သင့်ကြောင်း ဒေါ် နိုးနိုးထက်စံ မှ ပြောသည်။
၎င်းအပြင် တရုတ်အာဏာပိုင်များအနေဖြင့် သူတို့နိုင်ငံရှိ အမျိုးသမီးအလုပ်သမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည့် ဥပ ဒေနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ် အကောင်အထည်ဖော်ရန် မြန်မာ့အမျိုး သမီးသမဂ္ဂ မှ တိုက်တွန်းတောင်းဆို ထားသည်။
No comments:
Post a Comment