Sunday, September 23, 2012

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား

မိုးဇော်

မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မချေကျေးရွာမှ ဘင်္ဂလီများ၏ရန်ကို စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ် ရင်း မှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။

" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို ကျွဲကျောင်းသားတစ် ယောက်ကမြင်လို့လန့်ပြီးပြေးလာတယ်။ရွာသား တွေက လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီး စာင့် ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကို လည်းတွေ့ရ တယ်။ ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ ထွက် ပြေးသွားတယ်။ သူတို့ထွက်သွားပြီး နောက်မှာ အ၀တ် ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။ စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။ " ဟု ရွာသား တစ်ဦးက ပြော သည်။

အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ လုံခြုံ ရေစခန်းသို့ အကြောင်းကြားလိုက် ခြင်း ကြောင့် လက်ရှိတွင် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။ အသေးစိတ်ကိုကျ နော်တို့ အာ ရ်ကန်တိုင်းမ်စ်မှ ဆက်လက် စုံစမ်းနေပါသည်။

No comments: