Saturday, September 22, 2012

မင်းသွီး

စက်တင်ဘာလ ၁၁ရက်နေ့က ဦးကျော်မောင်ချေ အသတ်ခံရမှုနှင့်ပက်သက်၍ လူသတ်တရားခံ ဘင်္ဂလီမူဆလင် နှစ်ဦးသည် ကျောက် တော် ရဲစခန်းမှ စက်တင်ဘာလ ၂၁ရက်နေ့ ညာဥ့်သန်းခေါင်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ဦးကျော်မောင်ချေ အသတ်ခံရမှုနှင့် ဘင်္ဂလီမူဆလင်၆ဦးဖမ်းဆီးလာရမှ ၄ဦးကို စစ်တွေသို့ပို့ဆောင်ထားပြီး လူသတ်မှုအား ၀န်ခံထားသူ ဘင်္ဂ လီမူဆလင်နှစ်ဦးမှာ ကျောက်တော်ရဲစခန်း အမျိုးသမီးအချူပ်ခန်းထဲတွင် ချူပ်ထားရာမှ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

"တရားခံနှစ်ဦးကို အမျိုးသားအချူပ်ခန်းထဲမှာထားရင် ရခိုင်အချူပ်သားတွေနဲ့ ပြဿနာဖြစ်မှာစိုးလို့ဆိုပြီး၊ အမျိုးသမီးအချူပ်ခန်းထဲမှာ သူတို့နှစ်ဦးကို သီးသန့်ချူပ်ထားတာ၊ အမျိုးသမီးအချူပ်ခန်းက သိပ်မခိုင်ခန့်ဘူးဆိုတော့ တံခါးကို ဖောက် ပြီးတော့ ထွက်ပြေးသွားတာပါ။ ဘယ် ကိုထွက်ပြေးသွားတယ်ဆိုတာကိုတော့ ခုချိန်ထိ စုံစမ်းနေဆဲလို့ ရဲအရာရှိတွေပြောပြ ချက် အရ ကျနော်တို့သိရပါတယ်။"ဟု ကျောက်တော်မြို့ခံ ကိုဇော်ဇော်ထွန်းက ပြောသည်။

အချူပ်ခန်းတာဝန်ကျ ရဲဘော်များကို ဖမ်းဆီးထားပြီး ကျောက်တော်မြို့နယ်ရှိ ဘင်္ဂလီမူဆလင်ရွာများတွင် ယင်းတရားခံနှစ်ဦးအား စစ်တပ်နှင့် ရဲအရာရှိများ ယခုညနေအထိ လိုက်လံရှာဖွယ်နေကြောင်း သိရှိရသည်။

"သူတို့အချူပ်ကိုဖောက်ထွင်းပြီး ပြေးသွားတာလည်းဖြစ်နိုင်သလို၊ နောက်တစ်ခုက ဘင်္ဂလီမူဆ လင်တွေက ည၊ မနက် အချိန်မရွေး စစ်တပ်နဲ့ ရဲစခန်းတွေကို အမြဲတမ်း အ၀င်၊ အထွက်လုပ်နေကြတာ။ လာဘ်စားပြီး လွှတ်ပေးလိုက် တာ လည်းဖြစ်နိုင်တယ်။ ၁၄၄-ပုဒ်မက ကျနော်တို့ကျောက်တော် ဒေသခံတေအတွက် ထုတ်ပြန်ထားတာ၊ ဘင်္ဂလီမူဆလင်တွေ အတွက် မဟုတ်ဘူး။ ဒီညနေတော့ သရက်အုပ်ရွာဘက်က သေ နပ်ဖောက်သံနှစ်ချက်တော့ကြားရတယ်။ ဘာဖြစ်တာလည်း ကျနော်တို့သွားစုံ စမ်းလို့မရဘူး"ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

ဦးကျော်မောင်ချေသည် စက်တင်ဘာလ ၁၁ရက်နေ့ ကျောက်တော်မြို့တွင် မလေးရှားမှ ငွေလွှဲကိုထုတ်ယူပြီး သရက်အုပ်ရွာသို့ အပြန် တွင် ပိုက် သယ်ရပ်ရှိ ဘင်္ဂလီမူဆလင်များ၏ သတ်ဖြတ်မှုကိုခံလိုက်ရခြင်းဖြစ်သည်။

No comments: