Sunday, September 23, 2012

မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်

ထွန်းထွန်း

မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေ ထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။

ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည် ချောင်း ကျေးရွာ မှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရ သည်။

မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက် ဆုံးနေသည်ဟု သိရသည်။

ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့ ပြော သည်။

“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင်သား (ရခိုင်) ပွဲစား ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်းမှတ်တိုင်”မှာ အဲဒီအမျိုး သမီး ၂ယောက်နဲ့ဆုံတော့ မလေးရှား ကော်ဖီမစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်။ လစာ ကောင်းကောင်းရမယ်။ ကျပ်ငွေ ၁သိန်းပေးရင် အဆင် ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ ဖြတ်မယ်ဆိုပြီး မလေးရှား မှာ ရှိတဲ့ ပွဲစား ဗမာ- မွတ်ဆ လင်နေသန်းဌေး (မလေး နာ မည် အီပ) လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။

ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခု လိုပြောပြသည်။

“မလေးရှားကို ရောက်တာနဲ့ ၂ယောက်ကို တယောက်နေရာစီ ခွဲလိုက်ပါတယ်။ မပုမမှာပထမ မွတ် ဆလင်သူ သူဌေးတဦး၏အိမ်တွင် အိမ် ဖေါ်အဖြစ် ၈လအ ရောင်းစားခံရတယ်။ လုပ်ခလစာ ၆လကိုဖြတ်တော့ နောက်၂ လပိုသွားတဲ့ အ တွက် ရင်းဂစ် ၆၀၀ပေးတယ်။ သူဌေးက အဲ ဒီကတဆင့် လူသူဝေးလွန် ခေါင်းပါး တဲ့အိမ်နံပါတ် (၉)၊ JALAN PULAU ANGSA U/ 10 B SANWAN CERIA ALAM မှာ ဒုတိယ ၅လ ရောင်း စား ခံခဲ့ရပါတယ်” ဟု ဆိုသည်။

“ ဒီအဆောက်အအုံဟာ သူ့အဆောက်အအုံတွေပါ။ သူဌေးက အိမ်မှာမနေဘူး။ ၅လပြီးရင် မပု မက အိမ်ရှင် သူဌေးမဆီက ငွေတောင်းပါ တယ်။ သူဌေးမက နင်တို့ အတွက် ပထမဆုံး ရင်းဂစ် ၉၀၀၀ ပေး လိုက်ရပြီ။ လစဉ်လဲ ပွဲစားကို ရင်းဂစ်၇၀၀စီ ပေးနေရတယ်။ နင့်ကိုပေး စရာ အ ကြောင်းမရှိဘူးဆိုပြီး ဆူပူကြိမ်းမောင်းပြီးမှ ရောင်းစား ခံထားရတာကိုသိတယ် လို့ပြော တယ်လို့ ဆိုပါတယ်” ဟု ပြော သည်။

သူဌေးမထံ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဗမာပွဲစား နေသန်းဌေး(မလေးနာမည် အီပ)သည် အဆို ပါအိမ်သို့ ရခိုင်ပြည်တွင် ရခိုင်-ဘင်္ဂ လီ ပဋိပက္ခအတွင်း ရောက်လာသောအခါ မပုမအား လူမဆန်စွာ ပြောဆိုခဲ့သည်ဟု မပုက ကိုးကားပြီး သူက ဆိုသည်။

“ နင့်ကိုနောက် ၂နှစ်ကြာပြီးမှ ပို့ပေးမယ်။ နင်ဘာမှ မပေးနဲ့ သတ်ပစ်မယ်လို့ ပြောခဲ့ပါတယ်။ သေ ချင်လားလို့ ပြောခဲ့ပါတယ်။ သူငယ်ချင်း မ တင်နုကိုမေးတော့ သူ့ကိုနောက် ၇နှစ်ကြာမှ တွေ့ရလိမ့်မယ်လို့ ပြောပြီးထွက်သွားတယ်။ အဲဒီ အချိန်ကနေ ငိုယိုပြီးတော့ အလုပ်လဲမ လုပ် တောဘူး။ နောက်ကြာလာတဲ့ အချိန်မှာ အဲဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ အင်ဒိုနီးရှား အမျိုး သမီး အကူအညီနဲ့ ဆက် သွယ်ပြီးတော့ ရဲ ထောက်လှမ်း ရေးတပ်ဖွဲ့နဲ့ စက်တင်ဘာ ၂ရက်နေ့က သွားထုတ်နိုင်ခဲ့ပါတယ်” ဟုဆို သည်။

ထိုမှတဆင့် အမှုစစ်ဆေးရန် မလေးရှား တနာနီသာမှာရှိတဲ့ မူခင်းစစ်ဆေးရေး ဌာန၌ ၃ပတ်ခန့်ထားခဲ့ပြီးမှစက်တင်ဘာ ၂၁ရက်နေ့က မလေး ရှားအခြေစိုက် မလေးရှား ရခိုင်ဒုက္ခသည်များရုံး (arrc)သို့ယူ ဆောင်နိုင် ခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသော မတင်နုကို ယခုထိ မတွေ့ရှိသေးသည့်အတွက် အရေးယူနိုင်ရန် မလေးရှားရှိ Tenaga nita အမျိုးသမီးစွန်းအင် မြှင့် တင် ရေးအဖွဲ့နှင့် ပူးပေါင်းကာ ARRC တာဝန်ရှိသူတို့က ဆောက်ရွက်လျှက်ရှိနေသည်ဟု သိရသည်။

မတင်နုနှင့် မပုမမှာ ရန်ကုန်ကနေ မလေးရှားသို့ ပွဲစားမှတဆင့် ရောင်းစားခံရသည်မှာ ၁နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်သော်လည်း ARRCရုံးအဖွဲ့မှ လွန်ခဲ့သည့် သြဂတ်စ်လမှ စ၍ သူမတို့ လွှတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

No comments: