အာရ်ကန်တိုင်းမ်စ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်မည့် လူထုအစည်းအ ဝေးပွဲအား အစိုးရမှကန့်သတ်မှုရှိနေသော်လည်း လူထုစည်းဝေးပွဲကြီး ဖြစ် မြောက်အောင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်လူထုအစည်းအဝေးပွဲအား အမျိုးသားရေးအမြင်ဖြင့် ပြုလုပ်သည်ဖြစ် ရာကန့်သတ်မှုများရှိနေသော်လည်းကျင်းပသွားမည်ဖြစ် ကြောင်းကိုရခိုင် လူထုအစည်းအဝေးပွဲ ကျင်းပရေးကော်တီ၏ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။
"ကျနော်တို့ ဒီလူထု စည်းဝေးပွဲကို ပြုလုပ်ရတာဟာ အမျိုးသားရေးအမြင် နှင့် ပြုလုပ်ကြတာဖြစ် တယ်၊ အစိုးကကန့်သတ်မှု ဘယ်လိုပုံစံ မျိုးပေးပေး၊ အစည်းအဝေးကိုတော့ ဖြစ်မြောက်အောင်လုပ်မယ်၊ အစည်းအဝေးကို ၂၅၊ ၂၆ နှစ် ရက်သတ်မှတ်ထားရင်လည်း ရက်မ လောက်ဘူးဆိုရင် ၂၇ ရက် နေ့အထိ ဆက်လုပ်သွားမယ်။ လူထုစည်းဝေးကျင်းပပွဲကို ဘယ်အာဏာ ပိုင်တွေပဲဟန့်ဟန့် အသက်ပေးပြီး တော့ ကျင်းပသွားမယ်။ "ဟု ဦးကိုကို မောင်က ပြောသည်။
ရခိုင်လူထု အစည်းအဝေးပြုလုပ်ရန်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်အပါအ၀င်၊ ပလက်ဝနှင့် ရခိုင်တိုင်းရင်းသားများ နေ ထိုင် ရာ ဒေသအသီသီသို့ ဖိတ်ကြားထားကြောင်း သိရသည်။
"ဖိတ်ကြားထားတာက လူ (၂၀၀၀)နီးပါးခန့်ရှိတယ်။ တောင်ကုတ်၊ သံတွဲက လူတွေ မနက်ဖြန်ဆို ရင်စရောက်တော့မယ်။ တစ်ချို့ ဒေသ က လူတွေက အစည်းအဝေးကို အစိုးရက ဟန်တားမှုရှိနေတယ်ဆိုတဲ့ သတင်းကိုသိသွားပြီး မ တက်ရောက်မှာကို စိုးရိမ်တယ်။ တရားဝင် ခွင့်ပြု သည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပွဲဖြစ်မြောက်အောင်ပြုလုပ်သွားမယ်။ ပရိသတ်တွေကို လည်း ဇွဲလုံးဝမလျှော့ဘဲ လာကြပါလို့ ပြောချင် ပါ တယ်။ " ဟု သူကဆက်ပြောသည်။
ရခိုင်ဒေသ လူထုအစည်းအဝေးကျင်းပရေး ကော်မတီက အစည်းအဝေးအား စက်တင်ဘာလ ၂၅၊ ၂၆ ရက်တွင် တက်ရောက်မည့် လူ အင် အား (၆၃၀)ဦးနှင့် ဟောပြောမည့်သူက (၂၈)ဦးဖြင့် ခွင့်ပြုချက်ရရန် တင်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ရက်တည်းသာ ကျင်းပခွင့် ပြုမည်ဖြစ်ပြီး လူအင်းအား (၂၀၀)နှင့် ဟောပြောမည့်သူ (၁၀)ဦးနှင့် နံနက် (၈)နာရီမှ နေ့ လည် (၁)နာရီ ထိ နေ့တစ်ဝက်သာ ခွင့်ပြုမည်ဖြစ်ကြောင်းကို စက်တင်ဘာ (၂၀) ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက ပွဲကျင်းပရေး ကော် မတီအား ခေါ်ယူက ပြောခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသည် ယနေ့  နံနက် (၈)နာရီတွင် ရခိုင်ဒေသလူထု အစည်းအဝေး ကျင်းပနိုင်ရေး ပိုစ တာဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမည်ဖြစ်သော်လည်း ကော်မတီမှ တာဝန်ရှိသူများမြို့နယ်အာဏာပိုင်များနှင့်တွေ့ဆုံနေချိန်နှင့်တိုက် ဆိုင် နေခြင်းကြောင့် စောင့်ဆိုင်းနေခဲ့ရပြီး နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဆိုင်းဘုတ်အား စိုက်ထူခဲ့ရခြင်းဖြစ်သည်။
ဆိုင်းဘုတ်စိုက်ထူရာတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်မှ (၂၆)နေ့ထိ ဖေါ်ပြထားသော်လည်း ခွင့်ပြုချက်က တစ်ရက်သာရရှိ သော ကြောင့် (၂၅) ရက်နေ့မှ ... .... ထိ နေရာကို စတေကာနှင့် ပယ်ဖျက် ထားရခြင်းဖြစ်သည်။
ယခင်က အဆိုပါ ရခိုင်ဒေသလူထုအစည်းအဝေးပြုလုပ်ရန် မြို့နယ်အာဏာပိုင်များက ခွင့်ပြုချက်မ လိုဘဲ ကျင်းပနိုင်ကြောင်း၊ (၁၁-၉-၂၀၁၂)နေ့က ခွင့်ပြုစာတင်ခဲ့သော်လည်း တင်စရာမလိုကြောင်းပြောဆိုခဲ့ရာ နောက်ပိုင်းအာဏာပိုင် များ က ခွင့်ပြုချက်ရယူရန် တင်ရမည် ဖြစ် ကြောင်း (၁၇-၉-၂၀၁၂) နေ့က အကြောင်း ပြန်ခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ ကျင်းပနိုင်ရန်အတွက် ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသည် လာရောက် ဟော ပြောမည့်သူများကိုလည်း ဖိတ် ကြားထားးပြီးဖြစ်သည့်အပြင် အခြားငွေကုန်ကျမည့် ကဏ္ဍများအ တွက်လည်း အားလုံးပြင်ဆင်ထားပြီးဖြစ်သည်။
ယခင်က မေယုမြစ်ဝှမ်းညီလာခံ အမည်ဖြင့်ကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း အာဏာပိုင်များဘက်မှ ကန့်ကွက်ခဲ့သည်အတွက် ရခိုင် ဒေ သ လူထုစည်းဝေးပွဲအဖြစ် ပြောင်းလဲခဲ့ရသည်။
ရခိုင်လူထု စည်းဝေးပွဲမှ အတည်ပြု ရရှိလာသော အချက်အလက်များအား ရခိုင်ပြည်နယ်အရေး စုံစမ်း ရေးကော်မရှင်၊ နိုင်ငံတော် သမ္မတ အ ပါ အဝင် လွှတ်တော်ဥက္ကဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြ သွားမည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment