Thursday, October 25, 2012

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ

အာရ်ကန်တိုင်းမ်စ်

မောင်တောမြို့နယ် ဝန်ထမ်းများနေထိုင်သည့် ဖက်ဝန်းချောင်းကျေးရွာ တွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်နေကြသည့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့သွားရောက် အကြောင်းကြားသော်လည်း တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သ တင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဒေသခံက "ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့ အခြေအနေကို တွေ့တဲ့အတွက် ဒေသခံရဲကို သွားပြီးအကြောင်း ကြားပါတယ်။ အကြောင်း ကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ လာခဲ့မယ်လို့ပြောပါ တယ်။ ပြဿနာမ ဖြစ် သေးတဲ့အတွက် မလာဘူးဆိုတဲ့ သဘော ပေါ့။ ပိုပြီးတော့ စိုးရိမ်ရတာက ကျနော်တို့ရွာမှာ အိမ်ခြေ (၅၀) ဝန်းကျင် လောက်ဘဲ ရှိပါ တယ်။ ရွာသူ/ရွာသားတွေကတော့ တ အားစိုးရိမ်နေကြ ပါတယ်။" ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ကျနော်တို့ ဖက်ဝန်းချောင်းရွာနားမှာရှိတဲ့ ဘင်္ဂလီရွာက ဘင်္ဂလီတွေက လူ တွေစုစည်းပြီးတော့ တိုက် ခိုက်တော့မယ့်အရိပ် အရောင်ပြနေ တဲ့အတွက် ရွာက ကလေးတွေ၊မိန်းမတွေနဲ့သက်ကြီး ရွယ်အိုတွေ ကိုမောင် တော မြို့နဲ့နီးစပ်ရာ ကျေး ရွာတွေကို ပို့ထားပါတယ်။ ယော က်ျားတွေကတော့ ရွာမှာ ကင်းစောင့်တဲ့သဘောနဲ့ ကျန်ခဲ့ပါတယ်။ ဘင်္ဂလီတွေက ဒီနေ့ဖြစ်ဖြစ် မနက်ဖန် ဖြစ်ဖြစ် တိုက်ခိုက်လာနိုင်ပါ တယ်။" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အောက်တိုဘာလ(၂၃)ရက် မနေ့ညနေပိုင်းက မောင်တောမြို့ (၄)ရပ်ကွက်တွင်ရှိသော ရခိုင်ဈေးဆိုင်ခန်းများအား ဘင်္ဂလီ(၃၀)ကျော်ခန့် လာ ရောက်ဖျက်ဆီးရန် ကြိုးစားခဲ့ပြီး၊ ရဲနှင့်လုံထိန်းများက အချိန်မှီထိန်းသိမ်းလိုက်နိုင်၍ ပျက်ဆီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရှိရသည်။

"ရပ်ကွက်(၄) စာကြည့်တိုက်နားမှာရှိတဲ့ ဆိုင်ခန်းတွေမှာက ရခိုင်တွေ အိပ်ကြတယ်၊ အဲဒါ ဘင်္ဂလီ (၃၀)ကျော်လောက်ကလာပြီးတော့ အဲဒီ ဆိုင်ခန်းတွေကို လေးကွနဲ့ပစ်တယ်၊ သံချောင်းတွေခေါက်ပြီးတော့ ရုတ်ရုတ်လုပ်နေကြတယ်။ ခဏ နေတော့ လုံခြုံရေးရဲတွေရောက် လာ ကြပြီး လူစုခွဲပစ်လိုက်တယ်။ ဒီနေ့တော့ မောင်တောမြို့ပေါ်မှာ အခြေအနေတွေက သိပ်မထူးဆန်း ဘူး။ အားလုံးပုံမှန်ပါဘဲ"ဟု မောင် တောမြို့ခံ ကိုထွန်းအေးက ပြောသည်။

No comments: