Thursday, October 4, 2012

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ

နိရဉ္စရာ

နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂလာဒေ ခ်ျ့ အပိုင် နယ်စပ် ကျေးးရွာ တစ်ခု ဖြစ်သော ခေါင်းတုံးတွင် ပြုလုပ်ခဲ့သည်။

ကော့စ်ဘဇားတောင်ပိုင်းတွင် တည်ရှိသော အိုကီးယားမြို့နယ် ခေါင်တုံးရွာ အစိုးရ မူလတန်း ကျောင်းတွင် ၎င်းတပ်မှူး အဆင့် အလံတင် ဆွေး နွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် ပုံမှန် ဆွေးနွေးနေကျ ဖြစ်သည့် မြန်မာနိုင်ငံဘက်မှ မွတ်လင်များ ဘင်္ဂလာသို့ ၀င်ရောက်နေသည့် ကိစ္စ၊ ယာဘားဆေး များ ၀င်ရောက်နေသည့် ကိစ္စနှင့် မှောင်ခို တားဆီးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။


စစ်တွေထောင်မှ များမကြာခင် လွှတ်ပေးလိုက်သည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၃၈ ယောက်ကို လွှဲပြောင်း ပေးအပ်ရန် မြန်မာဘက်က ပြော ဆိုခဲ့ကြောင်း ဘင်္ဂလာအရာရျှိများက ထုတ်ဖေါ်ပြောခဲ့သည်ဟု ဘင်္ဂလာ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများက ပြောဆိုသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်က နယ်စပ်ဒေသ လူဝင်မူ ကွပ်ကဲရေး ဌာနချုပ် (နစက) နယ်မြေ (၃) တပ်မှူး ဦးဆောင်သော ကိုယ်စား လှယ် ၁၁ ဦး တက်ရောက် ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘီဂျီပီ အမှတ် (၁၇) နယ်ခြားစောင့်တပ်မှူး ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦး တက်ရောက် ခဲ့သည်။

No comments: