ဗညာရံ
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အစိုးရဝန်ကြီးများနဲ့ ပြည်သူ့လွှတ်တော်အမတ်များ မရိုး သားကြောင်းပြောနေပါပြီ။ မရိုးသားဘူး ဆို တယ့် နေရာမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း အပါအဝင် ဘေးသင့်စီမံကိန်းများ ရပ်တန့်ဖို့ကိစ္စနဲ့ ပိုင်ဆိုင်မှု မကျေညာတယ့် ကိစ္စမျိုး ကို ရည်ညွှန်းတယ်။ အစိုးရက ဒီပြင်မှာကော ရိုးသားပါရဲ့လား။
စစ်အစိုးရလက်ထက်က စပြီး ဒီကနေ့အထိ သူတို့ချဉ်းကပ်တယ့် အဖွဲ့အစည်းတိုင်းလိုလို ကွဲပြဲကြတယ်။ ဒီချုပ်လည်း ကွဲခဲ့တာပဲ။ ကချင် လည်း ကွဲခဲ့တာပဲ။ ရှမ်းတွေလည်း ကွဲသလား မမေးနဲ့။ အကွဲဆုံးက ကရင်တွေပါ။ လက်ရှိမှာလည်း ကရင်အမျိုးသား အစည်းအရုံး (K.N. U.) က ထပ် ကွဲဖို့ မြင်နေရပြီ။ တိုင်းရင်းသားအချင်းချင်း မတူညီတယ့် အခွင့်အရေးများ ပေးကာ သွေးခွဲနေတုန်းပါပဲ။ အစိုးရရဲ့ ချဉ်းကပ် မှုနည်းဗျူဟာ ဟာ လူကြီးလူကောင်း မဆန်ပါ။ အစိုးရရဲ့ ပေါ်လစီဟာ ရိုးသားးမှု ရှိမယ်ဆိုယင် တိုင်းရင်းသားတွေဟာ ပိုပြီး စုစည်း ညီ ညွတ်လာဖို့ပဲ ရှိတယ်မ ဟုတ်လား။
ရခိုင်အရေးအခင်းကိုလည်း ကြည့်ပါ။ အစမှာ ဒီဘင်္ဂါလီတွေက ခိုးဝင်လာသူများ ဖြစ်ကြောင်း ပြောတယ်။ ခိုးဝင်သူများကို နိုင်ငံသားဖြစ် ခွင့်မ ပေး ဘူး၊ တတိယနိုင်ငံကို တင်ပို့မယ်လို့ ပြောတယ်။ နောက်ကျတော့ လဝက မှားယွင်းမှုလည်း မရှိ၊ ခိုးဝင်သူများလည်း မရှိဘူးလို့ ပြောပြန် တယ်။ အစမှာ ရခိုင်တွေကို မြှောက်ပေးတယ်၊ အိုအိုင်စီ၊ ဥရောပ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ ဖိအားပေးတော့ ရခိုင်တွေကို အ ပြစ်ပုံချ တယ်။
အမှန်မတော့ ဒီကိစ္စ အစိုးရမှာ လုံးလုံးတာဝန်ရှိတယ်။ တာဝန်ရှိပေမဲ့ မသိယောင်ဆောင်ပြီး ဒိုင်လူကြီး ဝင်လုပ်တယ်။အစိုးရပေါ်လစီအား နည်း ချက်ကို လူတွေ အာရုံမရောက်ဖို့ မူစလင် မုန်းတီးရေးကို မသိမသာ အားပေးတယ်။ ရိုးရိုးသားသား တွေးကြည့်ယင်ဒီတရားမဝင် ဘ င်္ဂါလီများ ကို နိုင်ငံသားပေးဖို့ အစိုးရမှာ အစီအစဉ် ရှိတာ သေချာတယ်။ မယုံယင် ၂၀၁၄ ခုမှာ စောင့်ကြည့်ပါလေ။
ပြည်တွင်းပြည်ပကြားမှာ ကွဲအောင်လည်း ကစားခဲ့သေးတယ်။ စာရေးသူက ဘယ်သူဘယ်ဘက်မှ မပါပါ။ ဘယ်သူက မှန်တယ်၊ ဘယ် သူက မှားတယ်လို့ မပြောပါ။ ဒါပေမဲ့ မိုးသီးဇွန်းကို ကြိုရေးမကြိုရေး မင်းဇေယျာနဲ့ ကိုကိုကြီးတို့ ကွဲကြရာ ကိုကိုကြီးက မဲအသာနဲ့နိုင် သွားလို့မ ကြိုဖြစ်ခဲ့။ ဝန်ကြီးဦးအောင်မင်းတို့ အဖွဲ့က ဖိတ်ခဲ့ခြင်းလည်း မဟုတ်၊ မိမိတို့သဘောနဲ့သာ ပြန်တယ်လို့ ပြောနေပေမဲ့ တံခါး ဟပေးတာက ဝန်ကြီးဦးအောင်မင်းတို့ပါပဲ။ ဒါက နပိုလီယံက အင်အားငါးဆလောက် ကြီးတယ့် သြစကြီးယားတပ်ကို တိုက်သလိုမျိုး ခွဲ တိုက်တာပါ။
ပါတီခွဲတွေများလေ ဒီချုပ်က အထိနာလေမို့ ဒီအကွက်ကို ထွင်တယ်။ ပြန်ဝင်ကြသူများ သိလားမသိလားတော့ မသိပါ။ စာရေးသူတို့က အဲဒီ လိုပဲ ထင်တယ်။ အမှန်မတော့ ပြည်တွင်းနဲ့ ပြည်ပတို့ဟာ အတိုက်အခံ လုံးဝမဖြစ်သင့်ကြပါဘူး။ ဒီချုပ်ကို ဆက်ဆံတယ့်နေရာမှာ ဒေါ်အောင် ဆန်းစုကြည်ကိုပဲ ဦးစားပေးတာတို့၊ ကျောင်းသားအဖွဲ့မှာ မင်းကိုနိုင်တို့ကို ခွဲပြီး ခရီးသွားစာအုပ် ထုတ်ပေးတာတို့ ဒါတွေက မရိုးသားမှုတွေ ပဲလို့ ယူဆပါတယ်။
သံသယရှိတာ မကောင်းဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပြောနေပေမဲ့ စာရေးသူတို့က ခဲမှန်ဖူးတယ့် စာသူ ငယ်လို သံသယက ခပ်ကြီးကြီးပါ။ လာမယ့် ၂၀၁၅ ခုနှစ်မှာ လွှတ်တော်က ဥပဒေကို ပြင်ပေးခဲ့ယင်၊ လူထုက မဲပေးခဲ့ယင် ဒေါ်အောင် ဆန်း စုကြည်က သမ္မတ ဖြစ်နိုင်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။
လွှတ်တော်ရှိ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ဥပဒေကို ပြင်ပေးမယ်လို့ မပြောသေးဘူး။ တိုင်းရင်းသားတွေနဲ့ ပတ် သက်ပြီး လိုအပ်လို့ ရှိယင် ဥပဒေကို ပြင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းက ပြောနေပေမယ့် သူ့ကိုလွှတ်တော်ကငြိုငြင်မှာကြောက် နေ ကြောင်း ပြောဖူးတာကို မမေ့ကြပါနဲ့။ လွှတ်တော်ကလည်း ဝန်ကြီးဦးအောင်မင်း ပြင်ခိုင်းတိုင်း ပြင်ပေးမှာ မဟုတ်ဘူး။ ဒါတွေက လက် လွတ် စပယ် ပြောကြတာ ဖြစ်တယ်။
စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းနိုင်ခဲ့လို့ အနားယူသွားသူ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေသတင်းတွေ ထွက်လာတယ်၊ စစ်ပညာ သင် တန်း ကျောင်းများကို လေ့လာနေတယ့် ကာချုပ် မင်းအောင်လှိုင်သတင်းတွေ တက်လာတယ်၊ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့က အမေရိကန်ဘက် ပါ႟ပြီး သူရရွှေမန်းနဲ့ ကာချုပ်ဟောင်းတို့က တရုတ်နဲ့ တိတ်တဆိတ် အဆက်အသွယ်ရှိတယ်လို့ ကော လာဟလထွက် လာတယ်။ ဒါကို အတည်ပြုလို့ မရပေမဲ့ သူရရွှေမန်းဟာ အလားအလာ ကောင်းတယ့် နောက်ခေါင်းဆောင်တယောက် ဖြစ်နိုင်ပါ တယ်။ ကာ ချုပ်သစ်ကလည်း သူ့အခန်းကဏ္ဍ ရှိကြောင်း ပြသဖို့ အခု ရှမ်းတပ်ကို ပြဿနာ သွားရှာနေပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းနေပြီလို့ လူတွေ ပြောကြတယ်၊ အမှန်မှာ ဒီမိုကရေစီစနစ် မထွန်းကားသေးဘူး၊ ဒီမိုကရေစီစနစ် ထွန်း ကားဖို့ လုပ်စပဲ ရှိတယ်လို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါဝန်ခံကြတယ်။ဒီမိုကရေစီမရှိသေးဘူးဆိုယင်ပြောင်း ပြန်ကောက် ကြည့်ပါ။ အာဏာရှင်စနစ် ရှိသေးတယ်လို့ ဆိုလိုရာရောက်ပါတယ်။ အာဏာရှင်စနစ် ရှိနေသေးတယ်ဆိုယင် ဇာတ်ဆရာ လည်းရှိသေးတယ် လို့ သိရပါလိမ့်မယ်။ ကန့်လန့်ကာနောက်မှာ ဇာတ်ဆရာ ရှိနေသေးယင် ရှေ့ထွက်နောက်ထွက် မင်းသားမင်းသမီး တွေဟာဇာတ်ဆရာအလို ကျ ကပြ အသုံးတော်ခံနေကြရတယ် ဆိုတာကိုလည်း သိထားကြရမှာ ဖြစ်ပါတယ်။ တကယ့်အာဏာက ဘယ် သူ့မှာ ရှိနေမလဲ၊ ကာလုံမှာရှိ သလား၊ ကာလုံကို ချုပ်ကိုင်ထားသူမှာ ရှိသလား တွေးကြည့်ပါ။
သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်းတို့ဟာ ဘယ်လောက်ပိုင်လဲ မခန့်မှန်းတတ်ပါ။ ဒါပေမဲ့ အာဏာရှင်စနစ်မှာဆို ယင် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေ ဖြစ်တတ်ပါတယ်။ ဟိုလွန်ခဲ့တယ့် ၂၀၀၄ ခုနှစ်က အဖြစ်အပျက်တခုကို လူတိုင်း မေ့ကြမယ် မထင် ပါ။ ဒီ အောက်တိုဘာလ (၁၈) ရက်နေ့မှာပဲ တက်လူ ဝန်ကြီးချုပ်ခင်ညွန့်ကို ကျည်ဆံတလုံးမှ သုံးစရာမလိုဘဲ ဝါကျတကြောင်းတည်းနဲ့ အမွေးနုတ် ပြီး ဖြုတ်ပစ်ခဲ့ဖူးပါတယ်။ အခု ဦးသိန်းစိန်ကို ဖြုတ်ဖို့ဆိုယင် ဝါကျဝက်ပဲ လိုမယ်လို့ ထင်ပါတယ်။ အကောင်းချည်းကိုပဲ မျှော် လင့်မ ထားဖို့ သတိပေးလိုရင်းပါ။
"ဟိုတုန်းကသာ ဒီလို လုပ်ယင် ကျုပ်လည်း အဖမ်းခံရပြီပေါ့ကွာ" ဟု ဝန်ကြီးဦးစိုးသိန်း ပြောသလို ဟိုခေတ်နဲ့ အခုခေတ် မတူကြောင်း သက် သေပြဖို့ ရိုးသားမှုကလေး ပြကြပါ။ သံသယတွေကို ပယ်ဖျောက်ဖို့ဆိုယင် အစိုးရရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ် ဒီ (၃) ဖွဲ့ဟာ သဘော ထားကြီးကြီး ထားပေးပါ။
အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အကြီးစား ပြုပြင်ပြောင်းလဲရေးတခုကို သုံးလအတွင်း ပြုလုပ်ပေးပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဒီမိုကရေ စီ နည်းမကျတယ့် ပုဒ်မတွေကို ဖယ်မထုတ်နိုင်သေးသရွေ့တော့ သံသယ ဖြစ်ခွင့်ပေးပါ။
No comments:
Post a Comment