ဖဲဘီး
စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ် လေးစုကျော် နေလာခဲ့ရတဲ့ မြန်မာပြည်တွင်းက ပြည်သူပြည်သားတွေဟာ အခွင့်အရေး အား လုံး လိုလို ဖိနှိပ်မှုတွေအောက်မှာ ပြည်ဖုံးကားချခံခဲ့ရတယ်ဆိုတာကို လူတိုင်းသိပြီးသား ဖြစ်ပါတယ်။
ထိုအခွင့်အရေးတွေထဲက တခုဖြစ်တဲ့ လွတ်လွတ်လပ်လပ် သတင်းရယူမှု သတင်းပေးမှုနဲ့ သတင်းဖြန့်ဝေမှုဆိုတဲ့ အခွင့်အရေးတွေကို မြန် မာ ပြည်တွင်းက တခြားတိုင်းနဲ့ ပြည်နယ်များတွေမှာ နေထိုင်ကြတဲ့ လူတွေနည်းတူ ကရင်နီ ပြည်သူလူထုတွေလဲ မျက်စိသူငယ်နား သူ ငယ်ဖြစ် နေခဲ့ရပါတယ်။
ဒီလို နစ်ပေါင်းများစွာကတည်းက ကရင်နီပြည်မှာ မျက်စိပိတ်နားပိတ်ခံထားရတဲ့ အကြောင်းအရာတွေကို တခြားလူတွေသိရှိအောင် ထုတ် ဖော်နိုင်ဖို့ ကရင်နီလူမှုအသိုင်းအ၀န်းကြားမှာ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းစာနယ်ဇင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှု မရှိတဲ့ လူ့အရင်းအမြစ်နဲ့ ဘဏ္ဍရေးအခြေအနေတွေကြောင့် စာနယ်ဇင်းနဲ့ မီဒီယာအဖွဲ့အစည်းတွေ ပေါ်လာလိုက် ပျောက် သွားလိုက် ဖြစ်ခဲ့ကြ ပါတယ်။
ဒီအခြေနေတွေကြားမှာ "ကန္တာရဝတီတိုင်း(မ်)" ဆိုတဲ့ အမည်နဲ့ လွတ်လပ်တဲ့ကရင်နီ သ တင်းအဖွဲ့တဖွဲ့ ထပ်မံပေါ်ပေါက်လာပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်နီလူမှုအသိုင်းအ၀ိုင်းကြားက သတင်းမီဒီယာအပိုင်း စိတ်အားထက်သန်တဲ့ ကရင်နီလူငယ် ၇ ယောက်က ၂၀ ၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်တွင်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ကိစ္စအဝဝကို လွပ်လပ်စွာရေးသား တင် ပြလာတာ အခု ၂၀၁၂ ခုနှစ်ဆိုရင် ရှစ်နှစ်တိတိ ရှိသွားခဲ့ပါပြီ။
ဒီအဖွဲ့ကော မကြာခင်မှာ ထပ်ပျောက်ကွယ်သွားမလား… အနာဂတ် စိန်ခေါ်မှုတွေအတွက် လက်ရှိအခြေအနေမှာ ဘယ်လိုပြင်ဆင်မှုတွေ လုပ် နေကြလဲဆိုတာတွေနဲ့ ပါတ်သက်ပြီး ဒီဆောင်းပါးမှာ ကြားသိကြရမှာ ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်)ဟာ စထူထောင်ကတည်းက ခိုင်မာတဲ့ ငွေကြေး အရင်းအနှီးနဲ့ စတင်ခဲ့တာ မဟုတ်ဘဲ စိတ်အားထက်သန်တဲ့ ကရင် နီ တဦးစ နှစ်ဦးစဆီက ကောက်ခံရတဲ့ အလှူငွေနဲ့ဘဲ စခဲ့ကြတယ်လို့ စတင်ထူထောင်ချိန်မှာ ပါဝင်ခဲ့သူလည်းဖြစ် ယခုလက်ရှိ ကန္တရဝတီ တိုင်းမ် အယ်ဒီတာလည်းဖြစ်တဲ့ ခူးစေးရယ်စိုးက ပြောပါတယ်။
"NGO တွေမှာ အလုပ်လုပ်နေကြတဲ့ တဦးစ နှစ်ဦးစရှိတဲ့ လူတွေဆီက အလှူငွေတွေပေါ့ တစ်ရာ နှစ်ရာ အဲလိုကောက်ပြီးတော့ စလုပ်တာ၊ စ လုပ်တော့ အဲဒီစလုပ်တဲ့အချိန်က တော်တော်လေး ထောက်ခံမှုရပါတယ် ဥပမာ ဒီမယ်ဟော် ဆောင် ဒေသမှာရှိတဲ့ သူငယ်ချင်းတွေ ပေါ့ သူတို့ တတ်နိုင် သလောက် ငွေကြေးတွေထည့်ပေးတယ် အဲဒီအချိန်မှာ ကျနော် မှတ်မိရ သ လောက်ဆိုရင် စောင်ရေ နှစ်ရာပေါ့ နှစ်ရာ ထုတ်နိုင် တယ် ပထမဦးဆုံး အကြိမ်ပေါ့နော။"
ကန္တာရဝတီတိုင်း(မ်)ဟာ စတင်ပုံနှိပ်တဲ့အချိန်မှာ B3 စာရွက်ခေါက်ချိုး A4 အရွယ်လောက်ရှိတဲ့ စာမျက်နှာ ၈ မျက်နှာကို အဖြူအမဲနဲ့သာ ပုံ နှိပ်ပြီး နယ်စပ်ဒေသမှာရှိတဲ့ ကရင်နီလူမှုအသိုင်းအဝန်းအကြား ၁၅ ရက်တစ်ကြိမ် စတင်ဖြန့်ဝေခဲ့ပါတယ်။
စတင်ထူထောင်တဲ့အချိန်မှာ ကရင်နီလူမှုအသိုင်းအဝန်းက လူကြီးတစ်ချို့ကတော့ အဖွဲ့အစည်းသစ် တဖွဲ့အနေအဖြင့် မထောင်စေလိုဘဲ ရှိနေ ခဲ့ပြီးတဲ့ စာစောင်အဖွဲ့တွေရဲ့ လုပ်ငန်းတွေမှာ စည်းစည်းလုံးလုံး ပြန်လည်လုပ်စေချင်ခဲ့ပေမဲ့ independence ဆိုတဲ့ သဘောတရားကို ပိုပြီး လက်ခံလာတဲ့လူငယ်တွေဟာ လွတ်လပ်တဲ့ ကန္တာရဝတီတိုင်း(မ်)ကို ကြိုးစား ထူထောင်ခဲ့ကြတယ်လို့ ခူးစေးရယ်စိုးက ဆက်လက် ပြောပြပါ တယ်။
"ကျနော်တို့က ကိုယ်ထူကိုယ်ထ ထူထောင်တဲ့ အဲဒီသမိုင်းကိုလဲ ကျနော်တို့လိုချင်တယ် အဲလိုမျိုး ထူထောင်ခြင်းအားဖြင့် နောင်တချိန် ကန္တာ ရဝတီတိုင်း(မ်)မှာ လူငယ်တွေ လာလုပ်မယ်ဆိုလို့ရင်လဲ သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ရှိ နိုင်အောင်ပေါ့နော ဘယ်အဖွဲ့အစည်း ရဲ့အရိပ် အောက်မှာ ဘယ်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ကန္တာရဝတီတိုင်း(မ်) ရှိခဲ့တယ် ဆို တဲ့ သမိုင်းကို ကျနော်တို့မလိုချင်ဘူး ကျ နော်တို့မှာ အဲဒီလို လိုလားတဲ့ ဆန္ဒရှိတယ်။"
ကန္တာရဝတီတိုင်း(မ်)ဟာ စိတ်အားထက်သန်တဲ့ လူငယ် ၇ ယောက်နဲ့ စတင်ခဲ့တယ်ဆိုပေမဲ့ စထူထောင်တုန်းက အချိန်ပြည့်အဖြစ် လုပ် နေတဲ့ ဝန်ထမ်းနှစ်ယောက်ကိုဘဲ ပုံမှန်လစာ ထောက်ပံ့နိုင်ခဲ့ပြီး ကျန်တဲ့ ငါးယောက်ကတော့ တခြားလူမှုလုပ်ငန်းတွေမှာ လုပ်ရင်းနဲ့ ည ဖက်မှာဘဲ ကန္တာရဝတီတိုင်း(မ်) အလုပ်ဖြစ်တဲ့သတင်းလိုက်ခြင်း သတင်းရေးခြင်းကို ရုံးမှာ လာလုပ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ကန္တာရဝတီတိုင်း(မ်)မှာ donor ရဲ့ ထောက်ပံ့မှုတွေ ရလာတဲ့အချိန်မှာတော့ သတင်းစာကို A3 စာရွက်အရွယ် ၁၆ မျက်နှာနဲ့ ကြားမှာကရင်နီဘာသာ နှစ်မျက်နှာကို တလတကြိမ် ပုံမှန်ထုတ်လာနိုင်တဲ့အပြင် ရှေ့ဆုံး မျက်နှာဖုံးနဲ့ နောက်ပိတ် စာမျက်နှာမှာ ရောင်စုံ ဖြင့် ပုံနှိပ်ထုတ် လာနိုင်ခဲ့ပါတယ်။
အချိန်ပြည့် သတင်းတွေကို update လုပ်နိုင်တဲ့ အင်တာနက်စာမျက်နှာကိုလည်း ထူထောင်နိုင်ခဲ့တဲ့ အပြင် တစ်ချိန်က မြန်မာပြည်မှာ နိုင် ငံ ရေး အခြေအနေအရ ပြည်ပသတင်း မီဒီယာ ၀က်ဆိုင်ဒ်တွေ ဝင်ဖတ်မရတဲ့အတွက် ဘလော့ကိုလဲ ဖွင့်လှစ်လာခဲ့လို့ ကန္တာရဝတီတိုင်း(မ်)ကို လူတချို့က (KT) ကေတီလို့လဲ ခေါ်လာကြပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှ တတိယနိုင်ငံသို့ အခြေချနေထိုင်သွားကြတဲ့ ကရင်နီ အများစုအတွက် နယ်မြေအသစ် နိုင်ငံအသစ်တွေမှ ကိုယ့် ရပ် ကိုယ့်မြေမှာ ဖြစ်ပျက်သမျှကို သိရှိနိုင်ဖို့ ကန္တာရဝတီတိုင်း(မ်) အင်တာနက်ဝက်ဆိုဒ်ကိုဘဲ အမြဲတမ်း ဖတ်လေ့ရှိကြတယ်လို့ အမေရိ ကန် နိုင်ငံ Texas ပြည်နယ်မှာ အခြေချနေထိုင်သွားတဲ့ ခူးဦးရယ်ဆော် က အခုလို ပြောပါတယ်။
"ဒီပြည်ပမှာ ရောက်လာတဲ့လူတွေက သတင်းကဖြင့် မှီခိုစရာဆိုလို့ ကန္တာရဝတီတိုင်း(မ်)ဘဲ ရှိတာပေါ့ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် ကျ နော်က ရက်တိုင်း ကန္တာရဝတီတိုင်း(မ်)ကို ဖွင့်ကြည့်တယ် ဒါပေမဲ့ သိပ်မအားရသေးဘူးပေါ့နော ရက်တိုင်း ဖွင့်ကြည့်ရင် နှစ်ရက် သုံး ရက်လုံးက ဒီသတင်းဘဲ ရှိတယ် ဟိုအသစ်အဆန်းတွေ သိပ်မတွေ့ရဘူးလေ ဆိုတော့ သိပ်အားမရသေးဘူးပေါ့"
ကန္တာရဝတီတိုင်း(မ်)က သတင်းတွေကို လစဉ်သတင်းစာ၊ အင်တာနက် (website, facebook)၊ RFA ရေဒီယို အပတ်စဉ် သတင်းလွာ ဖတ် ကြားခြင်းအပြင် DVB ရုပ်/သံမှာလဲ သတင်းတွေ ထုတ်လွင့်နိုင်ဖို့ ပို့နိုင်ပေမဲ့ အခုလောလောဆယ် သတင်းစာမှာတော့ ကရင်နီဘာ သာကို ဖြုတ်ထားလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပါတ်သက်လို့ ကရင်နီဘာသာ သတင်းတွေကို အဓိက တာဝန်ခံလုပ်ဆောင်နေတဲ့ ခူးဆိုရှာဖဲက "အခု အစိုးရက တရားဝင် အ သိအမှတ်ပြု register လျှောက်ထားတဲ့ကာလမှာ မှတ်ပုံတင်ဌာနက ကရင်နီဘာသာလဲ ပါ တယ် ဗမာလဲပါတယ် ကရင်နီဘာသာ စာ ကလဲ အခုထိ သေသေချာချာ အတည်မပြုနိုင်သေးဘူး အဲဒါကြောင့် ခဏဖြုတ်ထားတာ" လို့ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက ရှေ့ဆက်အခြေအနေ ကောင်းလာရင်တော့ ပြန်ထည့်နိုင်တယ် ဒါမှမဟုတ် ကရင်နီဘာသာ သတင်းစာ တစောင်အ ဖြစ် သီးသန့်လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။
ကေတီကို တောက်လျှောက် အားပေးလာတယ်ဆိုတဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး လူမှုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ ခူးမီရယ် ကတော့ ကေတီဟာ အရင်တုန်းကထက်စာရင် သတင်း အရေးအသားတွေ ကျလာပြီး နေ့စဉ်နဲ့အမျှ လူထုတွေ ဒုနဲ့ဒေး ခံစားနေရတဲ့ ပြဿနာ တွေ ထက် ရိုးရာနဲ့စာပေအကြောင်းတွေ ဦးစားပေး ရေးသားလာတယ်လို့ သုံးသပ် ပြောဆိုပါတယ်။
ဒါ့အပြင် ကေတီအနေနဲ့ ကရင်နီပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ လယ်ယာမြေသိမ်းတဲ့ကိစ္စတွေ ရေကာတာ ကိစ္စတွေအပြင် ကေအဲန်ပီပီနဲ့ အစိုး ရတို့ကြား ကြိုးပမ်းနေတဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စတွေကို လူထုတွေ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ဖိရေးစေချင်တယ်လို့လဲ ပြောပါ တယ်။
"သူတို့ တင်ပြတောင်းဆိုထားတဲ့ အချက် ၂၀ အပေါ်မှာ အခြေခံပြီးတော့ တကယ် အာမခံချက်ရှိတဲ့ ငြိမ်း ချမ်းရေး ဖြစ်သင့်တယ်ဆိုတာကို သူတို့ခံယူထားတယ် ဒီနေရာမှာ ကေအဲန်ပီပီက ရပ်တည်ချက်က တကယ်ရှင်းပါတယ် အဲဒါ ရှင်း ကြောင်းကို လူထုတွေ သိရမယ် လိုအပ် လို့ ငြိမ်းချမ်းရေး ပျက်တာမျိုး လိုအပ်လို့ ငြိမ်းချမ်းရေး ခိုင်မာသွားတာမျိုးဆိုရင် လူထုတွေ ကောင်း ကောင်းသိရမယ် လူထုတွေ သိနိုင်ဖို့ နည်းလမ်း က ကေတီမှာ အများကြီးမူတည်တယ်"လို့ ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက "တနည်းအားဖြင့် civilian war ကို ဖြစ်နိုင်ရင်တောင်မှ ကေတီက ဦးဆောင်ပြီးတော့ ဖန်တီးပေးရမဲ့ အနေအထား တောင် ဖြစ်စေ ချင်တယ် civilian war ဆိုတာက လူထုတွေအားလုံး ထပြီးတော့ သောင်းကျန်းရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒီ peace process မှာ လူထုတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ပြီးတော့ ကေအဲန်ပီပီကိုရော အစိုးရကိုရော လမ်းမှန်တည့်ပေးနိုင်တဲ့ civilian war ကိုငါတို့ပြောချင်တာ အဲလို အနေအထားမျိုးပေါ့"လို့ ပြောပါတယ်။
၂၀၁၀ ခုနှစ်မှာလဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ရောင်ချည်သန်းလာခဲ့တဲ့အတွက် နယ်စပ်တလျှောက်က အဖွဲ့အစည်းတွေ ကို ပေးနေတဲ့ အလှူရှင်တွေရဲ့ ရံပုံငွေတွေဟာ ဖြတ်တောက်ခံလိုက်ရပေမဲ့ ပြတ်တောက်မှုကို ကျော်လွှားလာနိုင်ခဲ့တယ်လို့ ခူးစေးရယ် စိုးက ပြောပါတယ်။
"ကျနော်တို့နည်း ကျနော်တို့ဟန်ဘဲ ကျနော်တို့အစွမ်းအစနဲ့ ကျနော်တို့ ရပ်တည်နေတယ် donar တွေက ကျနော်တို့နောက်မှာ ပြန်လိုက် တဲ့ အခြေအနေတွေကို ကျနော်တို့ ဖန်တီးချင်တယ် ဒီ ၂၀၁၂ ခုနှစ်ကနေစပြီးမှ ဆိုတော့ ကျနော်ထင်တယ် ဒါက တခြားအဖွဲ့အစည်းတွေ ကလဲ ဒီ ကေတီရဲ့ဥပမာကို ယူလို့ရတယ် ယူသင့်တယ်လို့ ကျနော် ထင်တယ်ပေါ့နော ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့က donor မရှိဘူး ဆိုရင်လဲ ကျနော်တို့က ဒီလိုဘဲ donor ရှိတယ်ဆိုရင်လဲ ကျနော်တို့ အခြေအနေက ဒီလိုဘဲ၊ ဒီလိုဘဲဆိုတာ ကျနော်တို့ အဖွဲ့အစည်းက အဓိက လုပ်ငန်း တိုးတက်လား နှောင့်နှေးလား မတိုးတက်ဘူးလား ဆိုတဲ့ဟာထက်ပေါ့နော အဖွဲ့အစည်း မပျောက်ဖို့ တအား အရေးကြီး တယ်"
ယခုအချိန်မှာ ကေတီဟာ သတင်းဌာနကြီးတွေကို သတင်းရောင်းပြီး ရပ်တည်နေနိုင်တဲ့ အခြေအနေပေါ်မှာ ရှိနေပေမဲ့ ကေတီရဲ့ သတင်း ထုတ်လုပ်မှု product ကိုဝယ်လိုတဲ့ clients တွေအရမ်းနည်းနေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ကေတီရဲ့ဝန်ထမ်းတွေဟာ အများအားဖြင့် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်များ ဖြစ်ပြီး နှစ်စဉ် တတိယနိုင်ငံသို့ အခြေချ နေထိုင်သွားကြတဲ့အတွက် ကေတီရဲ့ နှစ်စဉ် ဝန်ထမ်းအပြောင်း အလဲကြောင့် ကေတီ ကို ပိုပြီး အားနည်းစေတယ်လို့လဲ သူက ပြောပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွင်းမှာဆိုရင် ၀ါရင့်သတင်းထောက်တယောက်နဲ့ IT ကျွမ်းကျင်သူ တဦးလည်း တတိယနိုင်ငံသို့ အခြေချ သွားပြန်ပါတယ်။
ဒီလို နယ်စပ်ကိုရောက်ရှိနေပြီး နယ်စပ်ကလူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကန္တရဝတီတိုင်းမ်ဟာ ကရင်နီပြည် တွင်းမှာ နေ့တဓူဝ ဖြစ် ပျက်နေတဲ့ သတင်းတွေ ရေးသားဖို့ အာရုံစိုက်ခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းက နိုင်ငံရေးအခြေအနေကြောင့် သတင်းရယူရန် ပိုပြီး ခက် ခဲတယ်လို့ ကန္တာရ၀တီတိုင်း(မ်) စီမံခန့်ခွဲရေးအယ်ဒီတာ မော်ကယားထဲက ပြောပါတယ်။
"ရွှေးကောက်ပွဲ မတိုင်ခင်တုန်းက သတင်းပေးတဲ့လူဆိုတာလဲ မရှိခဲ့ဘူးပေါ့နော သတင်းယူတဲ့အခါမှာလဲ ခိုးကြောင်ခိုးဝှက်နဲ့ ယူရပါတယ် အခုအချိန်မှာ ဒီ မီဒီယာ အခန်းကဏ္ဍကလဲ နည်းနည်းလေး လွတ်လပ်မှု ရှိသယောင်ယောင်နဲ့ ဖြစ်နေတဲ့ အချိန်လဲ ဖြစ်နေ တယ် နောက် ပြီး တော့ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကလဲ အသွင်ကူးပြောင်းနေတဲ့ အချိန်ကာလဆိုတော့ သတင်းရယူတဲ့အချိန်မှာ ပိုပြီး တော့လွယ်ကူပါတယ် လူထုကလဲ ဒီမီဒီယာနဲ့ ပြောဆိုဆက်ဆံမှုတွေ ပိုပြီးတော့ ရဲလာပါတယ်။"
ကေတီဟာ လွတ်လပ်တဲ့သတင်းဌာန တခုအနေနဲ့ နယ်စပ်မှာ အခြေချပြီး ရပ်တည်လာခဲ့ပေမဲ့ ကေအဲန်ပီပီနဲ့ ပိုနီးစပ်တဲ့အတွက် ကရင်နီ ပြည်သူလူထု အများစုဟာ ကေအဲန်ပီပီ အစိုးရရဲ့ သတင်းဌာနကြီးတခုလို့ မြင်နေကြတာ ဖြစ်တယ်လို့လဲ သူ့မရဲ့ အမြင်ကို အခုလို ဆက် ပြောပါတယ်။
"ကေတီက ထိုင်းနိုင်ငံရဲ့ နယ်စပ်မှာရှိနေတဲ့ ကေအဲန်ပီပီ တို့နဲ့ နီးစပ် နယ်မြေထဲမှာ အခြေစိုက်တဲ့ အဖွဲ့တဖွဲ ဖြစ်နေလို့ဘဲ နောက်တချက်အ နေနဲ့ သတင်းတွေကို လိုက်တဲ့နေရာမှာ ပြည်တွင်းဖက်က လူထုတွေရယ် ပြည်နယ်အစိုးရ အသံတွေကို မရတဲ့အတွက် ရတဲ့သတင်း တွေ က ကေအဲန်ပီပီရဲ့ သတင်းတွေဖြစ်နေတယ် ကေအဲန်ပီပီရဲ့ အသံတွေကလဲ ပိုများနေတယ် နံပါတ်သုံးအချက်က သတင်းစာတွေမှာ ကရင် နီ လို့ သတင်းရေးတဲ့ သတင်းဌာနတွေဖြစ်စေ ဒီစာစောင်တွေဘဲဖြစ်ဖြစ် ကရင်နီဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို အသုံးပြုတဲ့သူတွေ တိုင်း ကရင်နီလို့ အသုံးပြုတဲ့ အဖွဲ့အစည်းတွေ လူတွေတိုင်းကို ပြည်တွင်းမှာ ရှိတဲ့လူတွေ အများစုက ကေအဲန်ပီပီ ဒါမှမဟုတ် ကေအဲန် ပီပီနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်း နောက်ပြီးတော့ သူပုန်လို့လဲ ပြောကြသေးတယ်။"
ဖြစ်ပေါ်ပြောင်းလဲလာတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေပေါ်မှာ ကန္တာရဝတီတိုင်း(မ်)ဟာ ယခုအချိန်မှာတော့ ပြည်တွင်းမှာ လွတ်လွတ် လပ်လပ် သတင်းယူပြီး လွတ်လွတ်လပ်လပ် သတင်းစာတွေ ဖြန့်ချီနိုင်ဖို့ မြန်မာအစိုးရထံမှာ တရားဝင် အဖွဲ့အစည်းအဖြစ် register လျှောက်ထားပြီ ဖြစ်ပါတယ်။
အစိုးရက သတ်မှတ်ထားတဲ့ ဂျာနယ်တစောင်ရဲ့ လိုအပ်ချက် ပုံစံတွေနဲ့ လျှောက်လွှာတင်ထားတဲ့အခြေအနေကို ကယားထဲက "လျှောက် လွှာ တင် ထားပြီးတဲ့ နှစ်ပတ်အကြာမှာတော့ ရန်ကုန်မြို့ကနေ စာပေစီစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကနေပြီးတော့မှ ကျမကိုခေါ်တွေ့ပြီးတော့ မေးမြန်းခဲ့ပါတယ် အဲဒီမှာ ကျမရဲ့အကြောင်းတွေရယ် ကျမ စီးပွားရေး နောက်ခံအကြောင်းတွေရယ် ကန္တာရဝတီတိုင်း(မ်)ရဲ့ နောက်ခံသ မိုင်း တွေရယ် ဝန်ထမ်းအခြေအနေတွေကို မေးမြန်းခဲ့ပါတယ်" လို့ပြောပါတယ်။
အခုထိ အစိုးရဖက်က တရားဝင် သတင်းဌာနအဖြစ် ရပ်တည်ခွင့် မကျလာသေးပေမဲ့ လျှောက်လွှာ တင်ထားတဲ့ အချက်တွေထဲမှာတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ လုပ်ငန်းစဖို့ ဖြည့်ထည့်ထားတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။ အကယ်၍ ကန္တာရဝတီတိုင်း(မ်)ဟာ တရား ဝင် သတင်းဌာနတခုအနေဖြင့် အစိုးရက ခွင့်ပြုလာမယ်ဆိုရင် သတင်းတွေကို လွတ်လွတ်လပ်လပ် ယူနိုင်တဲ့အနေအထား ရှိလာတဲ့အ ပြင် ကန္တာရဝတီတိုင်း(မ်)သတင်းစာတွေကိုလဲ လွတ်လွတ်လပ်လပ် ဖြန့်ဝေ ရောင်းချခွင့်ရှိပြီး သတင်းဖတ်တဲ့ သူတွေလဲ မကြောက်မဝံ့ဘဲ ဖတ်နိုင်ကြမှာ ဖြစ်ပါတယ်။
အခြားတဖက်မှာလဲ register ရခဲ့မယ်ဆိုရင် အခြေခံဥပဒေ ဘောင်အတွင်းမှာ စည်းကျပ်မှုတွေ မီဒီယာနဲ့ပါတ်သက်တဲ့ စည်းမျဉ်းစည်း ကမ်းတွေအောက်က ရေးသားဖြန့်ချိရမှာ ဖြစ်တဲ့အတွက် ပြည်ပမှာနေပြီး ရေးခဲ့သလိုမျိုးတော့ လွတ်လွတ် လပ်လပ် ရေးသားဖြန့်ချိခွင့် ရတော့မှာ မဟုတ်သလို ကေတီသတင်းသမားတွေအနေနဲ့ မြန်မာပြည်တွင်းက တခြား သတင်းဌာနများနဲ့ အပြိုင်အဆိုင် ရေးသားနိုင်ဖို့ သတင်း အရေးအသားတွေ မြင့်တင်ဖို့ လိုအပ်ပြီး စာဖတ်ပရိတ်သတ်တွေကြားမှာ ဝေဖန်မှုတွေကို ခံနိုင်ဖို့ အများကြီးလိုအပ်တယ်လို့ ကန္တာရဝတီတိုင်း(မ်) အယ်ဒီတာ စေးရယ်စိုးက ပြောပါတယ်။
No comments:
Post a Comment