မင်းသွီး
အမေရိကကို ရက်ပေါင်း ၂၀ကျော်ခန့် ခရီးထွက်ခဲ့သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဦးအေးသာအောင် ယနေ့ မြန်မာ နိုင် ငံ သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးအေးသာအောင် သွားရောက်ခဲ့သည့် အမေရိက ခရီးစဉ်နှင့် ပက်သက်၍ မေးမြန်းရာ"ဒီခရီးစဉ်က အင်မတန်ကို ရခိုင်ပြည်သူလူထုအ တွက် အကျိုး တစ်စုံတစ်ရာပြုနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ရခိုင် လူငယ်တွေနဲ့တစ်ခြားတိုင်းရင်းသားတွေဆီကရခိုင်ပြည်သူလူထုအတွက် အကူအညီ တစ်စုံတစ်ရာရရှိနိုင်မှာဖြစ်ပါတယ်။"ဟု ပြောသည်။
အာရက္ခဖောင်ဒေးရှင်းမှ လူငယ်များ၊ ALD ပါတီဗဟိုကော်မတီဝင်များနှင့် အ ဖွဲ့ဝင်များ၊ ရခိုင်ပြည်သူများ စုစုပေါင်း ၁၀၀နီးပါးခန့် မင်္ဂလာဒုံ လေဆိပ် သို့ သွားရောက်ကာ ဦးအေးသာအောင်အား ကြိုဆိုခဲ့ကြသည်။
ဦးအေးသာအောင်ရဲ့ အမေရိကခရီးစဉ်အပေါ်မှာ ကျနော့်အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ ဘာလို့လည်းဆိုတော့ ရခိုင်ပြည်နယ်အ တွက် အကျိုးအများကြီးရှိတဲ့အတွက်ကြောင့်ပါ။"ဟု အာရက္ခဖောင်ဒေးရှင်းမှ ပြောသည်။
ဦးအေးသာအောင်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ယူတီကာ၊ ဘဖလို့ မြို့ မှ ရခိုင်အ ပါအ၀င် တစ်ခြားမြန်မာ တိုင်းရင်းသား များနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများအရေး၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ် ငန်း စဉ်များအား ရှင်းလင်းခြင်းနှင့် မေးမြန်းခန်းများ ပြုလုပ်ခဲ့သည်။

No comments:
Post a Comment