အာရ်ကန်တိုင်းမ်စ်
ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ဝင် ပြည်နယ်စက်မှု/လျှပ်စစ်ဝန်ကြီး ဦးသာလူချေ ဦးဆောင်သော ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဒေသတည်ငြိမ်မှု ပျက်ပြား နေသော မြောက်ဦး၊ မင်းပြားမြို့နယ်များသို့ သွားရောက်၍ ဒေသ တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေ ကြောင်း သတင်းရရှိ သည်။
ယင်းကိုယ်စားလှယ်အဖွဲ့တွင် ပြည်နယ်အစိုးရ၀န်ကြီး ဦးမြအောင်နှင့် တာဝန်ရှိသူတစ်ချို့ပါဝင်ကာ မနေ့ညနေပိုင်းကမြောက်ဦးသို့ ကား လမ်းဖြင့်လာ ရောက်ခဲ့ခြင်းဖြစ်သည်။
"ရွာတွေမှာ ရပ်ဖိ၊ ရပ်ဖတွေနဲ့ အစည်းအဝေးလုပ် တွေ့ဆုံပြီးတော့ ပြဿနာ တွေပြေလည်အောင် ၊ ငြိမ်းချမ်းအောင်လုပ်ဖို့ ရောက်လာခြင်းဖြစ်တယ်၊ ဖြစ် ကြပြီဆိုရင် မကောင်းပါဘူး။ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းရမယ့် နည်းလမ်းတွေ ရှာတာ ကောင်းမယ်။" ဟု ဦးသာလူချေက အာ ရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
သူကထပ်ပြီးတော့ "မနက်ကတည်းက မြောက်ဦး(RNDP) မြို့နယ် ဥက္ကဌနဲ့ မြို့မိမြို့ဖများအားတွေ့ဆုံခဲ့ပါတယ်၊ အခုမင်းပြားမြို့နယ်သို့ သွား ရောက်နေပါတယ်၊ တည်ငြိမ်မှုပျက်ပြားနေတဲ့ ကျေးရွာတွေကိုလည်း ၀င်ရောက်ကြည့်ရှုနေပါ တယ်"လို့ ဖြေကြားသွားခဲ့သည်။ သို့သော်တာ ဝန်ယူထားသော လုံခြုံရေးအရေအတွက် မေးမြန်းမှုကိုမူ ငြင်းဆိုဖြေကြားသွား ခဲ့သည်။
RNDP(မြောက်ဦး)မြို့နယ်ဥက္ကဌ ဦးထွန်းလှိုင်က "မနက်က ဝန်ကြီးအဖွဲ့နဲ့တွေ့တယ် သေဆုံးသွားသူ တွေရဲ့ အလောင်းကို ပြန်လည်ရရှိဖို့ ပြည် နယ်အစိုးရကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ပူးပေါင်းဆောင် ရွက် မှုမရှိဘူးလို့ ထင်မြင်ပါတယ်" လို့ပြောကြားသွားသည်။
ယခုပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မနေ့က ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးခန်းမ၌ မြို့မိ၊ မြို့ဖ တစ်ချို့နှင့် တွေ့ဆုံခဲ့ပြီး မင်းပြား-မြောက်ဦးမြို့တို့တွင် ဖြစ်ပေါ်နေသော ပြဿနာများ မပြန့်ပွားရအောင် ကြိုတင်၍ အသိပေးဆွေး နွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment