မင်းသွီး
အောက်တိုဘာလ(၂၄)ရက် ယနေ့နံနက်ပိုင်းတွင် ရခိုင်ကျောင်းသားသမ ဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိ သည်။
ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့ သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက်(၅)ချက်အား အကောင်အထည်မဖော်ပေးသည့်အတွက် ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုဆန္ဒဖော်ထုတ်ပွဲကို လောကနန္ဒာစေတီတော်တွင် လူစုပြီး တက္ကသိုလ် ပေါင်းစုံမှကျောင်းသား၊ကျောင်းသူများပူးပေါင်းဝင်ကာဆရာ တော်ဦးဥတ္တ မပန်းခြံသို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြ ကြောင်း သိရှိရသည်။
" ကျောင်းသား၊ ကျောင်းသူ(၈၀၀)ကနေ (၁၀၀၀)ကြားမှာရောက်ရှိပါ တယ်။ ကျနော်တို့တောင်းဆို ထားတဲ့ အချက်ငါးချက်ကို သမ္မတ ဦး သိန်စိန် အစိုးရအနေနဲ့ အကောင်အထည်မဖော်သေးသရွေ့ ကျနော်တို့အဆင့်ဆင့် ဆန္ဒပြတောင်း ဆိုသွားပါမယ်"ဟု စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦးမှ ပြောသည်။
ကျောင်းသား၊ ကျောင်းသူများသည် ၄င်းတို့တောင်းဆိုထားသည့် အချက်ငါချက်ပါဝင်သည့် လက်ကိုင်ဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံ၊ ရခိုင် အလံ၊ သာသနာ့အလံနှင့် သမဂ္ဂအလံများကို ထောင်လျက် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်လာခဲ့ကြပြီး၊ ရဟန်းတော်များသမဂ္ဂမှ ဆန္ဒထုတ် ဖော်ပွဲ စနစ်ကျစေရန်အတွက် လာရောက်ကြပ်မတ်ပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသော အချက်(၅)ချက်မှာ-
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင် လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက်ကျောင်းသွားရာလမ်းတစ်လျှောက်နှင့်ပတ်ဝန်း ကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေ ထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆာက်လုပ် ပေးရန် နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။ တို့ဖြစ် သည်။
No comments:
Post a Comment