Tuesday, October 2, 2012

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

khonumthung

မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့်ဆရာဝန်တဦးကြောင့်အသက် ၁၈ နှစ်အ ရွယ် ကိုယ်ဝန်ဆောင်မိခင်နှင့် လွယ် ထား တဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အ သက်ဆုံးရှူံးသွားသည်ဟု သိရသည်။

အဆိုပါ ကလေးအမေသည်မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ဇနီး Pi Khin Mar Htwe ဆိုသူဖြစ်ပြီးရွာတွင်က လေး မမွေးနိုင်သောကြောင့်မတူပီပြည်သူ့ဆေးရုံသို့ အတွင်း လူနာအဖြစ် လာရောက်သူဖြစ်ကြောင်း သိရသည်။

“ ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲထွက်သွား တာ လေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ ” ဟု ဒေသခံတ ဦးက ပြောသည်။

ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်ကကလေးကိုခွဲထုတ် သော်လည်း ကလေးပါ ဆုံးပါးသွား ကြောင်း သိရသည်။

ထို့အပြင် ဆရာဝန်သည် နယ်တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းများနှင့်အပေးအယူလုပ်ပြီး အဆိုပါ ၀န်ထမ်းများအား မိမိတို့ ကြိုက်နှစ် သက် သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။

“ ကျတော်တို့ရွာကို သားဖွားဆရာမ မလာတာ နှစ်နဲ့ချီပြီ၊ ဆရာဝန်နဲ့ နားလည်မှု ယူထားလို့ ဆို ပြီး သူ့ရွာမှာပဲ အေးအေး ဆေးအေးနေနေ တယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။

မြို့နယ်ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊ အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့် ကလေးအမေ တ ဦး ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။

No comments: