Wednesday, October 24, 2012

မြောက်ဦး ယိုင်သည်ရွာတွင် ရခိုင်ဘက်က ၃ ဦးကျ၊ နဂါရာရွာတွင် စစ်တပ်က ပစ် ခတ်၍ ရခိုင် ၂ ဦးသေဆုံး

နိရဉ္စရာ

မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် ယနေ့တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သ တင်း ရရှိသည်။

“ ယိုင်သည်ရွာမှာ ဒီကနေ့ မနက်ကတည်း ဖြစ်တယ်။ ရခိုင်ဘက်က ၃ ဦးကျတယ်။ ဒဏ်ရာ အများအ ပြားရတယ်။ တချို့ကိုလည်း မင်းပြား ကို သယ်သွားတယ်။ တချို့ကိုလည်း မြောက်ဦး ဆေးရုံကို သယ်လာနေကြပါတယ်” ဟု ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

ယိုင်သည်ရွာမှာ တစ်ရွာလုံးမီးရှို့ခံရပြီး မွတ်ဆလင်များဘက်မှ အထိအခိုက်နှင့် အကျဆုံးကို မသိရှိရသေးကြောင်း သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂရာတွင်လည်း ယနေ့ ရခိုင် တိုက်ခိုက်သူများနှင့် စစ်တပ်နှင့် ထိပ်တိုက်တိုးရာ စစ်တပ်မှ ပစ်ခတ်၍ ရခိုင် (၂) ဦး သေ ဆုံး သွားကြောင်း ပန်းမြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အခု ညနေ ၅ နာရီထိပေါ့နော်။ အခြေအနေက တင်းမာနေတယ်။ စစ်တပ်က ပစ်ခတ်တဲ့ အတွက် ကျ သွားတဲ့ ရခိုင် အလောင်းနှစ် လောင်း ကို တောင်းနေတာ ခုထိ မပေးသေးဘူး။ အဲဒီမှာ ထိပ်တိုက် ဖြစ်နေပါတယ်။ ကျသွားတာက နာဂါ ရာ ဖြစ်ပါတယ်။ ရခိုင် လူအင် အား ကတော့ ခြောက်ထောင်- ခုနှစ်ထောင်ခန့်ရှိပါတယ်” ဟု သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂါရာ ကျေးရွာအနီးတွင် နာဂါရာ အောက်ရွာနှင့် နာဂါရာ ပြင်ရွာဟူ၍ မွတ်ဆလင် ကျေးရွာ (၂) ရွာရှိပြီး ရခိုင်များမှာ အ ဆို ပါ ကျေးရွာအနီးရှိ နာဂါရာ ရခိုင်ကျေးရွာတွင် စုရုံးနေကြသည်ဟု ဆိုသည်။

ယမန်နေ့ ညဉ့်ကလည်း မင်းပြားမြို့နယ် စမ်းဘီရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် မွတ်ဆလင် တစ်ဦးသေဆုံးခဲ့ ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် အဆိုပါ မီးရှို့ခံခဲ့ရသော ကျေးရွာများသို့ သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

No comments: