Wednesday, October 10, 2012

ရခိုင်ပြည်တွင် OIC ရုံးဖွင့်မည်ကို လက်မခံနိုင်၍ ရခိုင်အမျိုးသမီးများ ဆန္ဒပြပြီ

မင်းသွီး

ယနေ့ အောက်တိုဘာလ(၁၀)ရက်နေ့ စစ်တွေမြို့တွင် ရခိုင်အမျိုးသမီး (၇၀၀)ခန့် ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များအရေးနှင့် OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်ရန် လာရောက်မည့်အပေါ်တွင် ကန့်ကွက်ဆန္ဒပြ လမ်းလျှောက်လှည့်လည်မှု ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ရခိုင်အမျိုးသမီးများက အဓိက အောက်ပါအချက်များကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၁) ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ။

၂) တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ။

၃) မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်နဲ့ ထွက်သွား။

၎) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ

၅) သားရေပေါ်အိပ်၊ သားရေနားစားတွေ ထွက်သွား

၆) မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်။

၇) မြန်မာ့အမျိုးသမီးများဘ၀ လှပလုံခြုံမှုရှိပါစေ။


၈) မြန်မာတစ်မျိုးသားလုံးစည်းလုံးညီညွှတ်ကြ တို့ဖြစ်သည်။

ရခိုင်အမျိုးသမီးများက အထက်ပါအချက်များအား ဗီနိုင်းပိုစတာများဖြင့် ကိုင်ဆောင်ကာ "OIC STOP" "NO OIC" "Get Out OIC" စသည့်စာတန်းများပါဝင်သော တီရှပ်များကို ဆင်တူဝတ်ဆင်ကာ စစ်တွေ့မြို့အနှံ့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ကျမတို့က ကိုယ့်နိုင်ငံမှာနေပြီး သူတစ်ပါးတိုင်းပြည်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ကြောက်နေရတဲ့အတွက် အလွန်တရာမှ ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် မတရားခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ကျမတို့တိုင်းပြည်ရဲ့ မြေတစ်လမကိုမှ အဆုံးရှုံးမခံနိုင်ဘူး။ အဲဒါကြောင့် ကိုယ့်တိုင်းသူပြည်သားတွေကို အစိုးရက ကာကွယ်ပေးဖို့အတွက် အခုလိုဆန္ဒထုတ်ဖော်ပွဲကို လာတာပါ"ဟု ဆန္ဒဖော်ထုတ်ပွဲမှ ရခိုင်အမျိုးသမီးတစ်ဦးက သူ့အမြင်နှင့် ခံစားချက်ကိုပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း OIC ရုံးဖွင့်လှစ်ခွင့် ရရှိသည့်အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သည်းမခံနိုင်၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ရခြင်းဖြစ်သည်။

နောက်ဆက်တွဲသတင်းများဖော်ပြပါဦးမည်။

No comments:

Post a Comment