လွတ်လပ်သော မွန်သတင်းအေဂျင်စီ
လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီက ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အမြန်တွေ့ဆုံလိုသည်ဟု အကြောင်းကြားလာခဲ့ကြောင်း UNFC အ ထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာက “ဦးအောင်မင်းက ဒီရက်ပိုင်းမှာအမြန်တွေ့ဆုံချင်တယ်လို့ ဆရာ ကိုညိုအုန်းမြင့် ကတဆင့် ပြောလာတယ်၊ ကျနော်က ဒီလ ၂၅ ရက်နောက်ပိုင်းမှ တွေ့နိုင်မယ်လို့ အကြောင်းပြန် လိုက်တယ်”ဟု ပြောသည်။
ထိုသို့တွေ့ဆုံရာတွင် အလွတ်သဘောတွေ့ဆုံခြင်းသာဖြစ်ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြမည်ကို UNFC အနေနှင့် ဆုံး ဖြတ်ချက်မရှိသေးကြောင်း ၎င်းက ပြောသည်။
လောလောဆယ် UNFC အဖွဲ့ကိုယ်စားလှယ် ၁၉ ဦး ဂျပန်ပြည်သို့ ရောက်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သဖြင့် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်၍ အဖွဲ့အတွင်း ဆွေးနွေးသွားမည်ဟု သိရသည်။
ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း Nippon Foundation ဖိတ်ကြားချက်အရ အထက်ပါ UNFC အဖွဲ့ကိုယ်စား လှယ်များ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာခရီးထွက်ခွာနေခြင်း ဖြစ်သည်။
ယင်းခရီးစဉ်အတွင်း နီပွန်ဖောင်ဒေးရှင်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားနယ်မြေရှိ ဒုက္ခသည်များ အတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှသော အရေးပေါ်ကူညီပံ့ပိုးမှုများပေးအပ်ရန် UNFC နှင့်သဘောတူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ပထဝီအနေအထားအရ အချို့အကူအညီတွေ ပြည်တွင်းမြန်မာအီးဂရက်ကနေတဆင့်ပို့ပေးဖို့ အစိုးရခွင့်ပြု ပေးထားတယ်လို့ နီပွန်ဖေါင် ဒေးရှင်းဥက္ကဌက ကျနော့်တို့ကိုပြောခဲ့တယ်၊ ထိုင်းနယ်စပ် ကနေလည်းပေးပို့ မယ်၊ UNFC အဖွဲ့ဝင်မဟုတ်တဲ့ အခြားတိုင်းရင်းသားနယ် မြေ ရခိုင်နဲ့ရှမ်းပြည်နယ် ဘက်ကိုလည်း အကူအညီပေးဖို့ စီစဉ်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။
နီပွန်ဖောင်ဒေးရှင်းသည် လူသားချင်းစာနာမှု အကူအညီပေးရေးသာမက မြန်မာအစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တို့၏ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင်လည်း ကြားဝင်ဆောင်ရွက် ပေးမည့် အစီအစဉ်ရှိကြောင်း သိရသည်။
ဝန်ကြီးဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ ရှိခဲ့သော်လည်း UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အပစ်ရပ်ဆွေးနွေးမှုမအောင်မြင်ခဲ့ သေးပေ။
UNFC တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး CNF၊ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး LDU၊ ရခိုင်အမျိုး သားစည်းရုံးညီညွတ် ရေး ပါတီ NUPA၊ မွန်ပြည် သစ်ပါတီ NMSP၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP-SSA နှင့် ဝ အမျိုးသားအဖွဲ့ချုပ် WNO တို့ပါဝင်သည်။
No comments:
Post a Comment