Tuesday, January 1, 2013

ဂျပန်ဘဏ္ဍာရေးဝန်ကြီး မြန်မာကို လာမယ်

ABC

ဂျပန်နိုင်ငံ ​ဒုဝန်ကြီးချုပ် ​တာရို ​အာဆို ​(Taro ​Aso) ​ဟာ ​ဒီတပတ်အတွင်း ​မြန်မာနိုင်ငံကို ​လာရောက်လည် ပတ်မှာ ​ဖြစ်ပြီး သမ္မတ ​ဦး သိန်းစိန် နဲ့ ​တွေ့ဆုံမှာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံတဲ့အခါ ​ မြန်မာနဲ့ ​ဂျပန်နိုင်ငံတို့ရဲ့ ​ နိုင်ငံရေး၊ ​စီးပွားရေးရင်းနှီးမှု ​ပိုမိုရရှိဖို့အတွက် ​ဆွေးနွေးမှာ ​ဖြစ်ပါတယ်။

ဒုဝန်ကြီးချုပ် ​တာရုအာဆိုဟာ ​ဂျပန်နိုင်ငံ ​ဘဏ္ဍာရေး ​ဝန်ကြီးလည်း ​ဖြစ်တဲ့အတွက် ​မြန်မာနိုင်ငံ ​ဘဏ္ဍာရေးဝန်ကြီး ​ဦးဝင်းရှိန် ​နဲ့လည်း ​ကြာ သပတေးနေ့ ​ကျရင် ​နေ​ပြည်တော်မှာ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။


ဂျပန်နိုင်ငံမှာ ​အစိုးရအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် ​တာရိုအာဆိုက ​ဝန်ကြီးရာထူးရခဲ့တာဖြစ်ပါတယ်။ ​ဝန်ကြီးမဖြစ်ခင်ကတည်းက ​လွှတ် တော်အမတ်တစ်ဦးအနေနဲ့ ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​စီစဉ်ခဲ့ပြီးဖြစ်တယ်လို့လည်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထား ပါတယ်။

ဂျပန်နဲ့ ​မြန်မာတို့ ​သီလာဝါမှာ ​အကျယ်အဝန်းအားဖြင့် ​ဟက်တာ ​၂၄၀၀ ​ရှိတဲ့ ​အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ​သဘောတူညီခဲ့ကြပြီး ​ဒီလို လုပ်ငန်းတွေလုပ်ဖို့အတွက် ​မြန်မာကနေ ​ဂျပန်အပေါ် ​တင်ရှိတဲ့ကြွေးမှီတွေကို ​လျော်ပေးမှာ ဖြစ်သလို ​မကြာခင်မှာလည်း ​နောက်ထပ်ချေးငွေ တွေ ​ထပ်မံ ​ချေးသွားမှာဖြစ်တယ်လို့ ​သိရပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ်နဲ့ ​ဘဏ္ဍာရေးဝန်ကြီးရဲ့ ​ခရီးစဉ်အတွင်း ​သီလာဝါအထူးစီးပွားရေးဇုံကို ​လည်ပတ်မှာဖြစ်သလို ​ဂျပန် ​စီးပွားရေး ​ကိုယ်စား လှယ် ​တွေနဲ့လည်း ​သောကြာနေ့မှာ ​တွေ့ဆုံမှာဖြစ်တယ်လို့ ​ဖော်ပြထားပ

No comments: