ABC
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ပထမဦးဆုံး အကြိမ် ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်မှာမနေ့ကစပြီးပြည် တွင်း ပြည်ပ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတခု ကျင်းပ ပြုလုပ်နေတယ် လို့သိရပါတယ်။
ဆွေးနွေးပွဲကို ဒီနေ့ သောကြာနေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံ စတဲ့ နိုင်ငံတွေက ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ လူငယ်တွေ တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ကစပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ အကြားမှာ ဘာသာရေး အသွင်ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးကြောင့် အင်အားကြီးလာခဲ့တဲ့ အကြောင်းနဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ အ ကြောင်းတွေကို ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက အခုလို ရှင်းပြပါတယ်။
"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေက ယခင်ကတော့ ဘာသာရေးကြောင့် မဟုတ်ဘူး၊ လူမှုရေး ကိစ္စရပ်တွေကို အခြေခံတယ်၊ နောက်ပြီးတော့ နိုင်ငံရေးကိစ္စ ရပ်တွေကိုအခြေခံတယ်။ သို့သော်လည်း ပေါ်ပေါက်လာတဲ့ အခါမှာ ပိုပြီးတော့ ကြီးထွားလာမှုအတွက်က သူက တော့ဗုဒ္ဓလာသာ၊ သူကတော့ခရစ်ယာန် ဘာသာ၊ သူကတော့အစ္စလာမ်ဘာသာပဲ ဆိုပြီးတော့ နောက်ခံတွေအပေါ် စွဲပြီးရပ်တည်လိုက်တဲ့ အ ခါကျတော့ ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ပိုပြီးကြီးထွာလာတယ်။ ပိုကြီးထွားလာတာကို မလိုလားဘူး။ ဒါကြောင့် ဒီအဖွဲ့အစည်းကို တည်ထောင်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပြီးတော့ငြိမ်း ချမ်း ရေး ရဖို့ဆောင်ရွက်တာ ဖြစ်တယ်။"
အခုလိုဘာသာပေါင်းစုံအဖွဲ့အစည်း ဖွဲ့ပြီး ပြည်တွင်းက ဘာသာရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် ဘာသာတစ်ခုနဲ့တစ်ခု အမြင် မကြည်တာ၊ ပဋိပက္ခဖြစ်နေတာတွေ ရှိပြီး ငြိမ်းချမ်းရေးမရနိုင်တဲ့အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့လူငယ်တွေဟာ အဓိက ကျတဲ့အ တွက်ကြောင့် နောင်မှာ အာရှပစိဖိတ်ဒေသတွင်းဘာသာပေါင်စုံ လူငယ်အဖွဲ့နေနဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဦးမြင့်ဆွေကပြောခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မေငယ်ကသတင်းပေး ပို့ခဲ့ပါတယ်။
1 comment:
ဘင်္ဂံလီလို့ေ၇းပါခင်ဗျာ
Post a Comment