မိုးဇော်
ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် ပြည်သူများအား ပြည်တွင်းလုံခြုံမှုကို ကူညီစောင့်ရှောက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင် များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုများကို ကျေနပ်နှစ်သက်မှုမရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုအား ကျေနပ်မှုမရှိပါက တိုင်ကြားရန် တယ်လီဖုန်းများ တပ်ဆင်ထားကြောင်း Myanmar Police Force Website စာမျက်နှာတွင် ဖေါ်ပြထားသည်။
" မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှု များနှင့်ပတ်သက်၍ ပြည်သူလူထု မှ တိုက်ရိုက်တိုင်ကြားနိုင်ရေးအ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီ ဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်းအမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ သို့ ဆက်သွယ်တိုင်ကြား နိုင်ပြီ။ " ဟု Website တွင် ဖော်ပြချက်အရ သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင်လည်း တိုင်ကြားရန်အတွက် တယ်လီဖုန်းများ တပ်ဆင်လျက်ရှိပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၌ တယ်လီဖုန်းအမှတ် ဝ၆၇-၅၅ဝ၃၃၃ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်းကို အဆိုပါ Website စာမျက်နှင့်တွင်ဆက်လက်ဖေါ်ပြ ထား သည်။
No comments:
Post a Comment