ABC
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့ ပထမဆုံး နိုင်ငံလုံဆိုင်ရာ ညီလာခံကို မတ်လကျရင် ကျင်းပမယ်လို့ သိရပါတယ်။
မြန် မာ နိုင် ငံ မှာ ဖြစ် ပေါ် နေ တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေကို ပြန်လည် ဆန်းစစ်တဲ့အနေနဲ့ ပါတီဝင်တွေက မတ်လ ၈ ရက်ကနေ ၁၀ ရက် အ ထိ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြို့နယ်အသီးသီးက ကိုယ်စားလှယ်ပေါင်း ၁၅၀၀ လောက် တက်ရောက် ကြမယ်လို့လည်း မျော်လင့်နေကြပါတယ်။
ဒီညီလာခံကို ပြီးခဲ့တဲ့ တပတ်ကတည်းက ကျင်းပဖို့ ရည်ရွယ် ခဲ့ကြပေမယ့် နှောင့်နှေးမှုတွေဖြစ်ခဲ့ပြီး မတ်လမှာ ကျင်းပကြတာ ဖြစ်ပါတယ်။
ဒီညီလာခံအတွင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တွေကို ရွှေးချယ်ကြမှာဖြစ်ပြီး ပါတီခေါင်းဆောင်ကိုလည်း ရွှေးချယ်ကြမှာ ဖြစ်ပါတယ်။
NLD ပါတီခေါင်းဆောင်အများစုဟာ သက်ကြီးသူတွေ များပြားတဲ့အတွက် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေကို လိုအပ်နေတယ်လို့ မြင် တဲ့ သူတွေလည်း ရှိပါတယ်။
၂၀၁၅ ခုနှစ်ကျရင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွင်း အနိုင်ရဖို့အတွက် NLD အဖို့ စိန်ခေါ်မှုတစ်ခုဖြစ်နေပြီး ဒီရွှေးကောက်ပွဲဟာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီဆီကို ဘယ်လောက်အတိုင်းအ တာအထိ ဦးတည်ခွင့်ပေးမလည်းဆိုတာကိုလည်း တိုင်းတာမယ့် ရွှေးကောက် ပွဲအပြင်၊ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စိတ်ခေါ်တဲ့ ရွှေးကောက်ပွဲ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
No comments:
Post a Comment