ABC
မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်အတွင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ ခြေလှမ်းနောက်တစ် ခု အနေနဲ့နိုင်ငံခြားက သတင်း ထောက်တွေ မြန်မာနိုင်ငံမှာ တစ်နှစ်ကြာ တဲ့အထိ အလုပ်လုပ်နိုင်ဖို့ ပြည်ဝင်ခွင့်ဗီဇာပေးနိုင်အောင် လုပ်ဆောင်နေ ပြီလို့ သိရပါတယ်။
ပြည်တွင်း၊ ပြည်ပက သတင်းထောက်တွေကနေ အစိုးရအရာရှိတွေကို ပိုမိုဆက်သွယ်မှုပြုနိုင်အောင် လမ်းဖွင့်ပေးတဲ့အနေနဲ့ ခုလို ရေရှည်၊ ရေ တိုနေထိုင်ခွင့်ဗီဇာတွေ ထုတ်ပေးမှာဖြစ်ပြီး ဧပြီလလည်ကြရင် စ တင်တော့မယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က Guardian သတင်း ဌာ နကို ပြောလိုက်ပါတယ်။
အရင် တုန်း က နိုင်ငံခြား သတင်းထောက်တွေကို ပြည်ဝင်ခွင့် ဗီဇာပေးပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုကို ကန့်သတ်တာတွေ လုပ်ခဲ့တဲ့အကြောင်း ခုအခါမှာတော့ ပြည်ဝင်ခွင့်ဗီဇာတွေပေးပြီး အစိုးရအရာရှိတွေကို တွေ့လိုတဲ့အခါတွေ့ဆုံမေးမြန်းနိုင်မယ့်အကြောင်းဒါပေမယ့်သတင်းထောက် ဗီဇာမရှိသူတွေအနေနဲ့ အစိုးရအရာရှိတွေကို မေးမြန်းခွင့်ရနိုင်ဖို့ အလားအလာပိုနည်းမယ်လို့ ပြောသွားခဲ့ပါတယ်။
အရင်တုန်းက သတင်းထောက်ဗီဇာရဖို့ ခက်ခဲတဲ့အတွက် အများစုက ကမ္ဘာလှည့်ခရီးသည်လို ယောင်ဆောင်ပြီး သတင်းထောက်ခဲ့ရပါတယ်။
မြန်မာအစိုးရအရာရှိတွေကလည်း သတင်းထောက်တွေနဲ့ ဆက်ဆံမှုမရှိတဲ့အတွက် အပြောအဆိုမှားတဲ့အခါ အလုပ်က ထုတ်ပစ်ခံနေရတဲ့အ တွက် သတင်းထောက်တွေနဲ့ တွေ့ဖို့ ပြောဆိုဖို့ ဝန်လေးနေကြတယ် လို့ ဆိုပါတယ်။
ခုအခါမှာ အစိုးရအရာရှိတွေကို မီဒီယာသင်တန်းတွေ ပေးနေပြီး ဝန်ကြီးဌာနတိုင်းမှာ မီဒီယာတွေနဲ့ ဆက်သွယ်စကားပြောရမယ့် ပြောခွင့်ရ ပုဂ္ဂိုလ်ကို သမ္မတက ခန့်အပ်ထားပြီ ဖြစ်ပါတယ်။
နိုင်ငံခြားသတင်းထောက်တွေ လွှတ်လွှတ်လပ်လပ် သတင်းထောက်နိုင်ဖို့ ပြည်ဝင်ခွင့်တွေပေးမှာ ဖြစ်သလို ပြည်တွင်းသတင်းထောက် တွေ အတွက်လည်း ဧပြီလကျရင် သတင်းထောက်ခွင့်လက်မှတ်တွေ ထုတ်ဝေပေးမယ်လို့ ဖော်ပြထားပါတယ်။
No comments:
Post a Comment