ABC
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံတိုင်းရင်းသားကိစ္စတွေကိုဖြေရှင်းနိုင်မယ့် အခြေအနေမရှိဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားပြဿနာဖြေရှင်းဖို့အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရုံသာမက ပြန်လည်ရေးဆွဲဖို့တောင် လိုတယ်လို့ ပြောပါတယ်။
အဲ့ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးဖို့၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေး အဖွဲ့အစည်းအားလုံး ပါဝင် တက်ရောက်နိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတရပ် အစိုးရကနေ ခေါ်ယူကျင်းပဖို့အတွက်လည်း UNA အဖွဲ့က တိုက်တွန်းခဲ့ကြပါ တယ်။ UNA အဖွဲ့ထဲမှာ ရှမ်း၊ ကရင်၊ ရခိုင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ တိုင်းရင်းသားအဖွဲ့တွေက ပင်လုံစာချုပ်လိုပဲ ၂၁ ရာစု ပင်လုံညီလာခံမျိုး လိုလားနေတဲ့အတွက် ဒုတိယပင်လုံညီလာခံ ပေါ် ပေါက်လာအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ကူညီဆောင်ရွက်သွားမယ်လို့ NLD က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်မနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားနယ်မြေတွေ ပူးပေါင်းပြီး လွှတ်လပ်ရေးယူဖို့အတွက် သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတာဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း တက်လာတဲ့ အစိုးရတွေက ပင်လုံစာချုပ်ရဲ့ အနစ် သာရဖြစ်တဲ့ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ်တည်ထောင်ရေးကို အသိအမှတ်မပြုတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေကြောင့် ဒုတိယပင်လုံစာချုပ် ထွက်ပေါ်လာတာကို လိုလားနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးအတွက် ပင်လုံညီလာခံ ဖြစ်ပေါ်လာအောင်နဲ့ ကချင်ဒေသ ပြဿနာဖြေရှင်းရာမှာ ကြားဝင်ဆောင်ရွက်ပေး နိုင် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကနေတဆင့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
No comments:
Post a Comment