Monday, March 18, 2013

ကုလကန့်သတ်မှု ရုတ်သိမ်းပေးဖို့ သမ္မတဦးသိန်းစိန်တောင်းဆို

ABC

မြန်မာနိုင်ငံတော် ​သမ္မတဦးသိန်းစိန်ဟာ ​ကုလသမဂ္ဂက ​မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ကန့်သတ်မှုတွေကို ​ရုတ်သိမ်းပေးဖို့အတွက် ​သြစတြေးလျ နိုင်ငံမှာ ​ရောက်ရှိနေစဉ် ​အတွင်း ​တောင်းဆို လိုက်တယ်လို့ ​သိရပါတယ်။

သြစတြေးလျနိုင်ငံကိုလည်း ​ကုလသမဂ္ဂက ​မြန်မာနိုင်ငံအပေါ် ​ထားရှိတဲ့ ​ကန့်သတ်မှုတွေကို ​ရုတ်သိမ်းပေးဖို့အတွက်ကုလသမဂ္ဂကို တိုက်တွန်း ပေးဖို့ ​လည်းပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ ​သြစတြေးလျနိုင်ငံ ​အနေနဲ့ ​မြန်မာနိုင်ငံနဲ့ ​စစ်ရေး ​ဆက်ဆံရေး ​အတွက် ​မြန်မာနိုင်ငံထဲကို ​သြစတြေးလျ ​စစ်သံမှူးထားရှိဖို့ ​အစီအစဉ်ရှိကြောင်း ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလ်လဒ်က ​သတင်းစာ ​ရှင်းလင်းပွဲပြုလုပ်စဉ် ​အတွင်း ​သတင်းထောက်တွေရဲ့ ​မေးမြန်းချက်ကို ​ဖြေကြားစဉ် ​ပြောသွားခဲ့ပါတယ်။

ဒီကနေ့ ​သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလ်လဒ်နဲ့ ​တွေ့ဆုံအပြီး ​သြစတြေးလျနိုင်ငံ ​ဘုရင်ခံချုပ်ရဲ့ ​ဂုဏ်ပြုဧည့်ခံ ​ကြိုဆိုပွဲကို ​သွား ရောက်မှာ ​ဖြစ်တဲ့အပြင် ​မွန်းလွဲပိုင်းမှာတော့ ​သြစတြေးလျနိုင်ငံ ​ပညာသင်ဆုရ ​မြန်မာကျောင်းသားများနဲ့ ​လည်းတွေ့ဖို့ ​ရှိပါတယ်။

မနက်ဖြန်မှာတော့ ​သမ္မတဦးသိန်းစိန်က ​ဆဒနီမြို့ကို ​သွားရောက် ​လည်ပတ်မှာဖြစ်ပြီး ​နညူးဆော့်ဝီ ​ပြည်နယ် ​ဘုရင်ခံချုပ်နဲ့ ​တွေ့ဆုံမှာဖြစ် သလို ​စီးပွားရေး ​လုပ်ငန်းရှင်တွေနဲ့ ​လည်း ​တွေ့ဆုံဖို့ရှိတယ်လို့ ​သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ​သြစတြေးလျနိုင်ငံ ​မြို့တော်ကင်ဘာရာမှာ ​မနေ့ညနေကရောက်ရှိလာပြီး ​သြစတြေးလျရောက် ​မြန်မာတွေနဲ့လည်း ​မနေ့ညမှာပဲတွေ့ ​ဆုံစကားပြောခဲ့တယ်လို့ ​သိရပါတယ်။

၁၉၇၄ခုနှစ်ကစပြီး ​အခု ​သမ္မတဦးသိန်းစိန်သြစတြေးလျနိုင်ငံခရီးစဉ်ဟာ ​ပထမဦးဆုံးအကြိမ် ​မြန်မာနိုင်ငံကအဆင့်မြင့် ​အစိုးရအရာရှိတွေ ​သြ စတြေးလျနိုင်ငံကို ​လာရောက်လည်ပတ်ခြင်းဖြစ် ​ပါတယ်။

တဆက်တည်းမှာပဲ ​မြန်မာနိုင်ငံအစိုးရကိုဖိအားပေးတဲ့အနေနဲ့ ​သမ္မတဦးသိန်းစိန် ​သြစတြေးလျနိုင်ငံ ​ကိုရောက်ရှိနေစဉ်အတွင်း ​ပြည်ပရောက် ​ကချင်၊ ​ကရင်တိုင်းသားတချို့နဲ့ ​ရိုဟင်ဂျာတွေက ​ကန့်ကွက်ဆန္ဒပြမှုတွေ ​ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

No comments: