Tuesday, April 16, 2013

တောင်ကုတ် သင်္ကြန် ဓါးထိုးမူဖြစ်

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က ဓါးထိုးမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဓါးထိုးခံရသူမှာ ဒဏ်ရာ ပြင်းထန်သဖြင့် တောင်ကုတ်မှ နေ၍ သံတွဲဆေးရုံကြီးသို့ ယူဆောင်သွားရကြောင်း သိရသည်။

နိရဉ္စရာမှ သတင်း ရရှိပြီးနောက် တောင်ကုတ်ကို ဆက်သွယ်မေးမြန်းရာ တောင်ကုတ် ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ ယမန်နေ့ နေ့လည် တစ်နာရီနဲ့ ၂ နာရီကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆားပြင်ဘက်ကလို့တော့ ပြောပါတယ်။ သူက ရန်ပွဲကို သွားဖျန်ဖြေတာမှာ အထိုးခံရတာလို့ သိရပါတယ်” ဟု ပြောသည်။

ဖြစ်ပွားရခြင်း အသေးစိတ်ကို မသိရှိကြောင်း သူက ဆက်ပြောသည်။

တောင်ကုတ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သူတို့ဆီသို့ လာရောက်တိုင်ကြား အမူဖွင့်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

တောင်ကုတ်သင်္ကြန်မှာလည်း အထူးစည်ကားနေပြီး ရခိုင် ရေကစား မဏ္ဍပ် တစ်ခုသာ ရှိပြီး ကျန်မဏ္ဍပ်များတွင် ပိုက်လုံးဖြင့် ရေကစားကြသည်ဟု သိရသည်။

ယခုလို မတော်တဆ ဓါးထိုးမူ ဖြစ်ပွားခဲ့သော်လည်း တောင်ကုတ် သင်္ကြန်မှာ စည်စည်ကားကား ရှိနေကြောင်း ဒေသခံက ပြောကြားသည်။

No comments:

Post a Comment