Friday, November 22, 2013

ရခိုင်ပြည်နယ် တရားသူကြီးချုပ်သစ် ခန့်အပ်

မောင်အေး

ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် ပြည်နယ် တရားသူကြီးချုပ်နေရာအား ယနေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အစားထိုး ခန့်အပ်လိုက်ပြီ ဖြစ်သည်။

တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသူမှာ ယခင်က ကျောက်ဖြူခရိုင် တရားသူကြီး ဒေါ်စန်းစန်းရီ ဖြစ်ကြောင်း သိရသည်။

ဒေါ်စန်းစန်းရီးအား ရခိုင်ပြည်နယ်တရားသူကြီးချုပ် အဖြစ်ခန့်အပ်လိုက်သည့်အကြောင်းကို နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် အမိန့်အမှတ် (၄၉/ ၂၀၁၃)၊ နိုဝင်ဘာလ ၁၉ ရက် ရက်စွဲဖြင့်ဖော်ပြထားသည်။

ဒေါ်စန်းစန်းရီသည် ကျောက်ဖြူခရိုင်တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်က တရုတ် ကုမ္ပဏီ CNPC ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ထုတ်၍ ထောင်ဒဏ် (၃)လ ချမှတ်ခံရသည့် ကိုထွန်းကြည် အပါအ၀င် ၁၀ ဦး၏ အမှုအား အယူခံဝင်သည့် အတွက် ထောင်ဒဏ် (၂ ) လသို့ ပြောင်းလဲ ချမှတ်ခဲ့သူ
ဖြစ်သည်။

ဒေါ်စန်းစန်းရီသည် မြောက်ဦးမြို့တွင် စီးပွားရေး သမားအချင်းချင်း အကြား ဖြစ်ပေါ်ခဲ့သော ငွေအလွဲသုံးစားမူ တစ်ခုနှင့် ဆက်စပ်၍ ရာထူးမှ နုတ်ထွက်သွားသည်ဟု အများက ထင်ကြေးပေးနေသော ယခင် တရားသူကြီးချုပ် ဒေါ်စီစီ၏ နေရာတွင် ခန့်အပ်ခံရခြင်း ဖြစ်သည်။

No comments: