Wednesday, November 20, 2013

လက်ပံတောင်း ရဲကင်းတွေ ရွေ့ပေး

ABC

စစ်ကိုင်းတိုင်း ​လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဒေသ ​မိုးကြိုးပြင်တောင်ရွာက ​လျော်ကြေး ​မယူထားတဲ့ ​လယ်မြေတွေပေါ်မှာ ​ခြံစည်းရိုးခတ်တာတွေ၊ ​လုံခြုံရေးကင်းတဲတွေ ​ဆောက်လုပ်ထားတာကို ​ဖယ်ရှားပေးဖို့ ​ဒေသခံတွေက ​တောင်းဆိုတဲ့အတွက် ​နိုဝင်ဘာ ​၁၉ ​ရက်နေ့ ​ညပိုင်းက ​အာဏာပိုင်တွေဘက်က ​ပြောင်းရွှေ့ပေးခဲ့တယ်လို့ ​သိရပါတယ်။

ဒေသခံတွေက ​လုံခြုံရေး ​ကင်းတဲတွေ ​ရွေ့ပြောင်းပေးဖို့ ​တောင်းဆိုနေတာဖြစ်ပြီး ​ဒီကိစ္စကို ​အင်ကြင်းတောင် ​သပိတ်စခန်းက ​သံဃာတော်တွေနဲ့ ​စစ်ကိုင်းတိုင်း ​နယ်စပ်ဒေသနဲ့ ​လုံခြုံရေးဝန်ကြီး ​ဗိုလ်မှူးကြီး ​ကြည်နိုင်၊ ​ရဲမှူး ​ကြီး ​နေထွန်းတို့နဲ့ ​ညနေပိုင်းမှာ ​ညှိနှိုင်း ​ဆွေးနွေး ​ခဲ့ပြီး ​တဲ့နောက် ​ညပိုင်းမှာရွှေ့ ​ပြောင်းလိုက်တာ ​ဖြစ်တယ်လို့ ​အင်း ​ကြင်းတောင် ​သပိတ် ​စခန်းက ​ဆရာတော် ​ဦးဝိမလက ​မိန့်ကြားပါတယ်။

နိုဝင်ဘာ ​၁၄ရက်နေ့က ​မိုးကြိုးပြင် ​တောင်ရွာမှာ ​လုံခြုံရေး ​ရဲတပ်ဖွဲ့ဝင်တွေနဲ့ ​ဒေသခံတွေကြား ​ထိပ်တိုက်ရင် ​ဆိုင်မှုဖြစ်ပွားခဲ့ပြီးနောက် ​လျော်ကြေးမယူထားတဲ့လယ်မြေတွေပေါ်မှာ ​လမ်းပိတ်ဆို့ပြီးလုံခြုံရေး ​ကင်းတဲတွေ ​ဆောက်လုပ်ထားတာကို ​နိုဝင်ဘာ ​၁၈ရက်နေ့ ​ညနေ ​၄နာရီ ​နောက်ဆုံးထားဖယ်ရှားပေးဖို့ ​တောင်းဆိုခဲ့တာလို့ ​ဆရာတော် ​ဦးဝိမလက ​ဆက်ပြီး ​မိန့်ကြားခဲ့ ​ပါတယ်။

အင်ကြင်းတောင်သပိတ်စခန်းကို ​ဒေသခံရွာသားတွေ ​မသွားရောက်နိုင်အောင် ​လမ်းတွေကိုပိတ်ဆို့ထား ​တာဖြစ်ပေမယ့် ​အခုအချိန်ထိတော့လယ်တီသိမ်နဲ့စေတီတော်ကို ​ကာကွယ်နိုင်ဖို့အတွက် ​အင်းကြင်းတောင် ​သပိတ်စခန်းကို ​ဖွင့်လှစ်ထားပြီး ​တောင်းဆိုနေဆဲဖြစ်တယ်လို့ ​ဆရာတော်ကပြောပါတယ်။

No comments:

Post a Comment