Friday, November 22, 2013

ရိုဟင်ဂျာအရေး ကုလ ဆုံးဖြတ်ချက် မြန်မာကန့်ကွက်

ABC

မြန်မာနိုင်ငံအနေနဲ့ ​နိုင်ငံမဲ့ ​ဖြစ်နေတဲ့ ​ရိုဟင်ဂျာ ​တွေကို ​နိုင်ငံသား ​ဖြစ်ခွင့် ​ပေးဖို့ ​တိုက်တွန်းတဲ့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံ ​လူ့အခွင့်အရေး ​ကော်မတီ ​အစည်းအဝေးရဲ့ ​ဆုံးဖြတ်ချက်ကို ​မြန်မာ ​အစိုးရက ​မနေ့က ​ကြာသပတေးနေ့ ​က ​ကန့်ကွက် ​လိုက်ပါတယ်။

ဘယ်သူတွေက ​ဘယ်လိုပဲ ​ဖိအားတွေ ​ပေးနေပါလေစေ ​ဥပဒေအရ ​နိုင်ငံသား ​ဖြစ်ခွင့် ​မရှိသူတွေကို ​နိုင်ငံသားအဖြစ် ​သတ်မှတ်သွားမှာ ​မဟုတ်သလို၊ ​ဒီကိစ္စဟာ ​မြန်မာနိုင်ငံရဲ့ ​အချုပ်အခြာအာဏာ ​အခွင့်အရေး ​လို့ ​သမ္မတပြောခွင့်ရ ​ပြန်ကြားရေး ​ဒုဝန်ကြီး ​ဦးရဲထွဋ်ရဲ့ ​ကြေညာချက်ထဲမှာ ​ပါရှိပါတယ်။

ရိုဟင်ဂျာတွေ ​ဆိုတာ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကနေ ​မြန်မာနိုင်ငံ ​အတွင်းကို ​၀င်ရောက် ​လာတဲ့ ​သူတွေ ​ဖြစ်ကြောင်း ​မြန်မာ ​အစိုးရက ​ပြောကြား ​ထားပါတယ်။

၁၉၈၂ ​ခုနှစ် ​နိုင်ငံသား ​ဥပဒေအရ ​မြန်မာနိုင်ငံရဲ့ ​တရားဝင် ​လူမျိုးစု ​၁၃၅ ​စုထဲမှာ ​ရိုဟင်ဂျာကို ​ထည့်သွင်းမထား ​သလို ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကလည်း ​သူတို့ကို ​လက်မခံပဲ ​၁၉၉၂ ​ခုနှစ်ကစပြီး ​ဒုက္ခသည် ​အဖြစ်လျှောက်ထားခွင့် ​မပေးတော့ ​တာကြောင့် ​သူတို့ဟာ ​နိုင်ငံမဲ့ ​ဖြစ်နေကြတာပါ။

ရခိုင်ပြည်နယ် ​အနောက်ပိုင်းမှာ ​ရိုဟင်ဂျာ ​၁ ​သန်းကျော် ​နေထိုင်နေကြပြီး ​မိတ်ဆွေမဲ့ ​ဖြစ်နေတယ်လို့ ​ကုလ ​သမဂ္ဂ ​က ​ပြောကြားလိုက်ပါတယ်။

1 comment:

Unknown said...

အ ပြောနဲ့ အ လုပ်ညီကျပါစေ လူကြီးတို့ရယ်