ABC
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက မနေ့က ကြာသပတေးနေ့ က ကန့်ကွက် လိုက်ပါတယ်။
ဘယ်သူတွေက ဘယ်လိုပဲ ဖိအားတွေ ပေးနေပါလေစေ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့် မရှိသူတွေကို နိုင်ငံသားအဖြစ် သတ်မှတ်သွားမှာ မဟုတ်သလို၊ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ အခွင့်အရေး လို့ သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။
ရိုဟင်ဂျာတွေ ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မြန်မာနိုင်ငံ အတွင်းကို ၀င်ရောက် လာတဲ့ သူတွေ ဖြစ်ကြောင်း မြန်မာ အစိုးရက ပြောကြား ထားပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံရဲ့ တရားဝင် လူမျိုးစု ၁၃၅ စုထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းမထား သလို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူတို့ကို လက်မခံပဲ ၁၉၉၂ ခုနှစ်ကစပြီး ဒုက္ခသည် အဖြစ်လျှောက်ထားခွင့် မပေးတော့ တာကြောင့် သူတို့ဟာ နိုင်ငံမဲ့ ဖြစ်နေကြတာပါ။
ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ရိုဟင်ဂျာ ၁ သန်းကျော် နေထိုင်နေကြပြီး မိတ်ဆွေမဲ့ ဖြစ်နေတယ်လို့ ကုလ သမဂ္ဂ က ပြောကြားလိုက်ပါတယ်။

အ ပြောနဲ့ အ လုပ်ညီကျပါစေ လူကြီးတို့ရယ်
ReplyDelete