Thursday, November 21, 2013

မြန်မာလေဆိပ် တိုးတက်ရေးအတွက် ပုဂ္ဂလိကတွေ ဖိတ်ခေါ်နေ

ABC

မြန်မာနိုင်ငံ ​လေဆိပ်လုပ်ငန်းနဲ့ ​ပတ်သက်ပြီး ​တိုးတက်မှုလုပ်ဆောင်ဖို့အတွက် ​အစိုးရက ​ပုဂ္ဂလိက ​ကုမ္ပဏီတွေကို ​ဖိတ်ခေါ်နေပါတယ်။

မြန်မာနိုင်ငံ ​လေကြောင်းခရီးစဉ်တွေမှာ ​မတော်တဆမှုတွေ ​များပြားတဲ့အတွက် ​ဒီလိုနာမည်ဆိုးရှိခဲ့တာကို ​ပြောင်းလဲတဲ့အနေနဲ့ ​လေဆိပ်လုပ်ငန်း ​ထက်ဝက်မှာ ​လုပ်ငန်းတွေ ​လုပ်ဆောင်ကြဖို့ ​ပုဂ္ဂလိကကို ​ဖိတ်ခေါ်ထားတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​လေကြောင်းခရီး ​မတော်မဆဖြစ်မှုဟာ ​နိုင်ငံတကာနဲ့ယှဉ်ရင် ​၉ ​ဆ ​အန္တရာယ်ပိုများနေပြီး ​ခုအခါမှာ ​လေယာဉ်ပျံသန်းရေး ​လုပ်ငန်းတွေ ​ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ​မတော်တဆဖြစ်မှုတွေ ​ပိုများလာမှာကို ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ​လေဆိပ် ​၆၉ ​ခုရှိတဲ့အထဲက ​လေဆိပ် ​၃၂ ​ခုမှာ ​တိုးတက်မှုတွေလုပ်ဖို့ ​ပုဂ္ဂလိက ​ကုမ္ပဏီတွေကို ​ဖိတ်ခေါ်ဖို့ရှိပါတယ်။

ရန်ကုန်မြို့ ​နိုင်ငံတကာလေဆိပ်မှာ ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်ထားပေမယ့် ​တခြား ​ပြည်တွင်းပျံသန်းတဲ့ ​လေဆိပ်တွေမှာ ​အခြေခံကျလှတဲ့ ​နည်းပညာတွေ၊ ​လုံခြုံရေးပစ္စည်းတွေ ​လုံလောက်မှုမရှိသလို ​တချို့လေဆိပ်ဆိုရင် ​အရေးပေါ် ​ပြင်ဆင်ရမယ့် ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ရိုက်တာသတင်းမှာ ​ဖော်ပြထားပါတယ်။

No comments:

Post a Comment