Wednesday, November 20, 2013

နည်းပညာကုမ္ပဏီ Microsoft နှင့် Oracle ရန်ကုန် developer conference သို့ တက်ရောက်ဆွေးနွေးမည်

ချိုကို

ကျာ်ဆော့ဖ်ဝဲကုမ္ပဏီများဖြစ်သော Microsoft နှင့် Oracle ကုမ္ပဏီများ အပါအ၀င် နိုင်ငံတကာ ဆော့ဖ်ဝဲကုမ္ပဏီ ၁၀ ခုခန့်သည် ရန်ကုန်တွင်ကျင်းပမည့် Developer Conference Yangon 2013 ကို တက်ရောက်ဆွေးနွေးပြောကြားမည် ဖြစ်သည်ဟု အဆိုပါ Conference ကို စီစဉ်နေသည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းများမှ သိရသည်။

Developer Conference ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ရန်ကုန်မြို့ အင်ဖိုတက်ခ်ရှိ Conference Hall တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကထားဆွေးနွေး သွားမည်ဖြစ်သည်။

အဆိုပါပွဲတွင် ၀င်ရောက်ဆွေးနွေး ပြောကြားမည့် ပြည်တွင်းဆော့ဖ်ဝဲလ် ကုမ္ပဏီများ ဖွဲ့စည်းထားသောSIDC (Software Industry Development Corporation) မှ အတွင်းရေးမှူး ဦးအောင်အောင်က “Developer Conference မှာ နိုင်ငံတကာမှ ဆော့ဖ်ဝဲကုမ်္ပဏီများက တာဝန်ရှိသူတွေလည်း ၀င်ရောက် ဆွေးနွေးဟာပြောဖို့လည်းရှိတယ်။ ဒီပွဲကို ပြည်တွင်းက ဆော့ဖ်ဝဲကုမ္ပဏီမှန်သမျှတက်ရောက်စေချင် တယ်။ ပြည်တွင်း ကုမ္ပဏီအတွက်လည်း ဆော့ဖ်ဝဲနဲ့ပတ်သက်တဲ့ပညာရပ်တွေမှာ အကျိုးအမြတ် အများ ကြီးရနိုင်တယ်လို့ ပြောချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပြောကြားရာတွင် နိုင်ငံတကာကုမ်္ပဏီများဖြစ်သော Microsoft၊ Oracle၊ Telenor၊ Ooredoo၊ Frontiir Co., Ltd. ၊ Gridmark Inc စသည့်နိုင်ငံတကာ ကုမ္ပဏီ ၁၀ ခုမှ တာဝန်ရှိသူများနှင့် ပြည်တွင်း ကုမ္ပဏီ ၃၀ ခန့်မှ တာဝန်ရှိသူများလည်း ဟောပြောဆွေးနွေးကြမည် ဖြစ်သည်ဟုလည်း ဦးအောင် အောင်က ဆိုသည်။

ယင်းပွဲတွင် Microsoft မှ နည်းပညာဆိုင်ရာပညာရှင်တစ်ဦးဖြစ်သူ Mr.Andrey Terekov က မိုက်ခရို ဆော့ပလက်ဖောင်း application များ ဖွံ့ဖြိုးတိုးတက်မှု၊ Win-dow 8 ESifh Window 8 Plat forms များ၏ အသွင်အပြင်နှင့် ဖွံ့ဖြိုးတိုးတက်မှုနိယာမများအကြောင်းကို ဆွေးနွေးပြောကြားသွားမည်ဖြစ် သည်ကို Developer Conference ၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ သိရသည်။

Developer Conference သို့ တက်ရောက်လိုသည့်ကုမ္ပဏီများသည် www.devconmyanmar.org တွင် တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ ဖြင့် Register ပြုလုပ်နိုင်ပြီး လက်ရှိအချိန်ထိ တက်ရောက်ရန် စာရင်း ပေးသွင်းထားသူ ၄၀၀ ကျော်ရှိပြီဖြစ်သည်။ အဆိုပါပွဲသို့ လူဦးရေ ၈၀၀ ကျော် အထိသာ တက်ရောက် ရန် လက်ခံသွားမည်ဖြစ်သည်။ စာရင်းပေးသွင်းရာတွင် နိုဝင်ဘာ ၂၂ ရက်မတိုင်မီ စာရင်းပေးသွင်းပါက ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ကျပ် ၅၀၀၀ နဲ့ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတွင် နည်းပညာကုမ္ပဏီပေါင်း ၇၀၀ ကျော်စာရင်းရှိသည့် အနက် ဆော့ဖ်ဝဲလုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီမှာ ၁၀၀ ကျော်သာရှိသည့်အတွက် အလွန်နည်းပါး သေးသည်ဟု စက်တင်ဘာလအတွင်းက ပြည်တွင်းဆော့ဖ်ဝဲလ်ကုမ္ပဏီများ ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်တွင်းကုမ္ပဏီများက ဆိုသည်။

Developer Conference ကို ၂၀၁၁၊ ၂၀၁၂ ခုနှစ်များမှစတင်၍ တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့ရာDeveloper Conference 2013သည် သုံးကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment