Thursday, November 21, 2013

ထားထက်ထက် Miss Popular Vote Award ရရှိ

ABC

ထိုင်းနိုင်ငံ ​မိန်းထောင်းဌာနီမြို့မှာ ​ဗုဒ္ဓဟူးနေ့က ​ကျင်းပခဲ့တဲ့ ​Miss ​Grand ​International ​2013 ​အလှမယ်ရွေးပွဲမှာ ​မြန်မာနိုင်ငံ ​ကိုယ်စားပြု ​၀င်ပြိုင်ခဲ့တဲ့ ​မထားထက်ထက်က ​Miss ​Popular ​Vote Award ​ဆုရရှိခဲ့ပြီး ​ဒီဆုငွေတွေနဲ့ ​ဖောင်ဒေးရှင်းထူထောင်ပြီး ​ပရဟိတလုပ်ငန်းတွေ ​လုပ်ဆောင်သွားမယ်လို့ ​မထားထက်ထက်က ​ပြောပါတယ်။

နိုင်ငံပေါင်း ​၈၄ ​နိုင်ငံက ​အလှမယ် ​ရွေးချယ်ပွဲမှာမှာ ​Puerto ​rico ​နိုင်ငံက ​ပထမဆုရရှိခဲ့ပြီး ​ Dominican ​Republic နိုင်ငံ ​၊ ​Slovak ​Republic ​နိုင်ငံ ​၊ ​Philippines ​နိုင်ငံနဲ့ ​ Australia ​နိုင်ငံတွေက ​အလှမယ်တွေလည်း ​ဆုတွေ ​ရရှိခဲ့ပါတယ်။ ​မြန်မာနိုင်ငံက ​အလှမယ် ​မထားထက်ထက် ​ကတော့ ​အင်တာနက်ကနေတဆင့် ​ပရိသတ်တွေ ​ရွေးချယ်ခဲ့တဲ့ ​ Miss ​Popular ​Vote Award ​ဆုကို ​ရရှိတာဖြစ်ပြီး ​အဲဒီအတွက် ​ကျေးဇူးတင်ကြောင်း ​မထားထက်ထက် ​က ​ပြောပါတယ်။

အော် ​ဟုတ် ​ဒီဆုကိုရ ​အရမ်းဝမ်းသာတယ်ပေါ့နော်၊ ​တကယ် ​ထားထက် ​ဒီဆုကို ​အရမ်းတန်ဖိုးထားတယ် ​ဒါက ​ကိုယ်တစ်ယောက်တည်း ​ကြောင့်လည်း ​ရတာမဟုတ်ဘူးပေါ့နော် ​မြန်မာပြည်သူပြည်သားတွေ ​အကုန်လုံးက ​တကယ်မျိုးချစ်စိတ် ​အပြည့်အ၀နဲ့ ​ထားထားကို ​အပြည့်အ၀ ​အားပေးတယ် ​Vote ​တွေလုပ်ပေးတယ်၊ ​မဲတွေ ​ပေးတယ်ပေါ့နော်၊ ​ရှိသမျှ ​၀က်ဆိုက်တိုင်းမှာ ​အကုန်လုံး ​လိုက်ပြီးတော့ ​Vote ​လုပ်ပေးတယ်၊ ​အဲ့အတွက် ​ထားထက်အတွက် ​လုံးဝ ​တန်ဖိုးဖြတ်လို့မရတဲ့ ​ဆုပေါ့နော်၊ ​အရမ်းဝမ်းသာပြီးတော့ ​ဒီဆုကို ​ရရှိတဲ့အတွက်လည်း ​ဂုဏ်ယူမိပါတယ်။

မထားထက်ထက်ဟာ ​ဒီကနေ့ ​မြန်မာနိုင်ငံကို ​ပြန်ရောက်မှာဖြစ်ပြီး ​ဒီဇင်ဘာလ ​မှာကျင်းပမည့် ​SEA ​Game ​မှာ ​ပါဝင်ကူညီဖို့ ​ရှိသလို ​ရရှိတဲ့ ​ဆုငွေကိုလည်း ​အနုပညာလုပ်ငန်းနဲ့၊ ​ပရဟိတ ​လုပ်ငန်းတွေမှာ ​ကူညီပံ့ပိုးသွားမှာ ​ ဖြစ်တယ်လို့ ဆိုပါတယ်။

မန်မာနိုင်ငံက ​အိမ်ရှင်လုပ်မယ်ဆိုတော့ ​SEA ​Game ​မှာ ​ညီမ ​ပါဝင်နိုင်တဲ့ ​နေရာကနေ ​တဒေါင့်တနေရာကနေ ​ညီမ ​ပါဝင်ပါမယ်။ ​နောက်ပြီးတော့ ​နောက်လမှာပဲ ​မြန်မာနိုင်ငံကနေပြီးတော့ ​ကိုယ်စားပြုအနေနဲ့ ​Miss ​International ​သွားပြိုင်မယ့် ​လူရှိတယ်ပေါ့နော်၊ ​ညီမရဲ့ ​အိတ်စပီရန့် ​တွေအကုန်လုံးကို ​sharing ​လုပ်သွားပေးမယ် ​နောက်ပြီးတော့ ​အခု ​ညီမ ​ဒီမှာရခဲ့တဲ့ ​ဆုကြေး ​အမေရိကန် ​ဒေါ်လာ ​၃၀၀၀ ​ရမယ်ပေါ့နော် ​အဲ့ဒီ ​ဆုကြေးနဲ့ ​ညီမ ​ဖောင်းဒေးရှင်းထောင်မယ် ​ထောင်ပြီးတော့ ​ညီမ ​အနုပညာလုပ်ငန်းတွေ ​လုပ်သွားမယ် ​နောက်ပြီးတော့ ​ဘော်လန်ဒီယာ ​အနေနဲ့ ​ဂျွမ်းဘားအဖွဲ့ ​ချုပ်မှာ ​ညီမအချိန်ရတဲ့ ​အချိန်မှာ ​သွားပြီးတော့ ​ဆက်ပြီးတော့ ​သင်သွားပေးမယ်။ ​နောက်ပြီးတော့ ​အဲ့ဒီ ​ညီမရဲ့ ​ရတဲ့ ​၀င်ငွေတွေရဲ့ ​တချို့တ၀က်ကို ​ညီမ ​ဖောင်းဒေးရှင်းထဲကို ​အမြဲထည့်ပြီးတော့ ​ကျမ ​ပရဟိတကိုလည်း ​အမြဲ ​အစဉ်မပြတ် ​တကယ် ​အကူအညီလိုအပ်နေတဲ့နေရာတွေကို ​ညီမ ​ဆက်ပြီးတော့ ​ကူညီပေးသွားပါမယ်။ 

Miss ​Popular ​Vote Award ​ဆုရရှိခဲ့တဲ့ ​မထားထက်ထက်ဟာ ​အသက် ​၂၄ ​နှစ်အရွယ် ​အင်ဂျင်နီယာ ​( ​အိုင်တီ) ​ပညာလေ့လာ ​သင်ယူခဲ့ဖူးသူ ​ ဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment