Tuesday, March 25, 2014

တရုတ်လူမျိုးတစ်ဦးကို သံတူးရွင်းဖြင့် ရိုက်သဖြင့် မြန်မာလူမျိုးတစ်ဦး ထောင်လေးလကျ

Mizzima

မြန်မာလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် တရုတ်လူမျိုးတစ်ဦး၏ ဦးခေါင်းကို သံတူးရွင်းဖြင့် ရိုက်နှက်၍ ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ်လေးလ ချမှတ်ခံရသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ ၂၉ ရက်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသား ခိုင်စိုးဆိုသူသည် တရုတ်လူမျိုး ယူယီကွေး အသက် ၄၃နှစ်ကို ဦးခေါင်းနောက်ပိုင်းဒဏ်ရာရရှိစေရန် တူးရွင်းဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်မှုမှာ စင်ကာပူနိုင်ငံ၊ ကရန်ဂျီမြို့၊ ၎င်းတို့၏ အလုပ်ခွင် United Wooden Case and Packaging Enterprise တွင် ဖြစ်သည်။

ရုံးတော် ကြားနာမှုတွင် ခိုင်စိုးသည် တူးရွင်းတစ်ခုဖြင့် သစ်တုံးတစ်ခုပေါ်မှ သံများကို ခွာနေစဉ်တွင် မစ္စတာယူသည် ၎င်း၏ စားပွဲပေါ်သို့ သစ်သားတုံးတစ်ခု လာချကာ အလုပ်လုပ်ခြင်း ဖြစ်သည်။

ခိုင်စိုးက ၎င်းအား ၎င်းအလုပ်လုပ်ရန် နေရာမရှိသဖြင့် ယင်းသစ်တုံးကို ဖယ်ပေးရန် တောင်းဆိုသော် လည်း မစ္စတာယူသည် ၎င်းအား လျစ်လျူရှုကာ ဆက်လက်အလုပ်လုပ်နေသည်ဟု ရဲထံ ထွက်ဆိုသည်။

ထိုအခါ ခိုင်စိုးက သံတူးရွင်းဖြင့် ၎င်း၏ ဦးခေါင်းကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။လုပ်ဖော်ကိုင်ဖက်တစ်ဦးက မစ္စတာယူအား National University Hospital သို့ ခေါ်ဆောင်၍ ကုသပေးခဲ့သည်။

ရိုက်နှက်ခံရသူသည် နိုဝင်ဘာ ၁ ရက်တွင် ဆေးရုံမှဆင်းလာနိုင်ခဲ့ပြီး ၂၀၁၃ နိုဝင်ဘာ ၂၈ ရက်အထိ ဆေးခွင့်ယူထားသည်။

No comments: