Monday, March 24, 2014

၈၈ခေါင်းဆောင် ဦးကိုကိုကြီး မင်္ဂလာပွဲ ကလေးမြို့တွင်ကျင်းပ

Mizzima

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အတွင်းရေးမှူး ဦးကိုကိုကြီးဟာ ကလေးမြို့မှ ဒေါက်တာ သိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့် (ရတနာပုံထီဆိုင်) တို့၏ သမီးငယ် မခင်သူသူဝင်းနဲ့ မင်္ဂလာဧည့်ခံပွဲကို မတ်လ ၂၁ရက် နံနက်က ကလေးမြို့ နဂါးရွှေစင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ကလေးမြို့မှာ ယနေ့ပြုလုပ်တဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ၈၈ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီတို့ တက်ရောက်ကာ မင်္ဂလာအမှာစကား ပြောကြားခဲ့ကြပါတယ်။

ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ဧပြီလ ၆ရက်နေ့ နံနက် ၉နာရီမှာလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ Sky Barဟိုတယ်မှာ မင်္ဂလိပ်ဧည့်ခံပွဲ ကျင်းပဦးမှာပါ။

ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ရန်ကုန်မြို့ တရားရုံးချုပ် တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် မတ်လ ၅ရက် နံနက်၉နာရီက နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။

No comments:

Post a Comment