ခင်မြတ်မြတ်ဝေ
ချင်းအမျိုးသမီးညီလာခံပေါ်ပေါက်လာစေရန်၊ ချင်းပြည်နယ်ရှိ အမျိုးသမီးအဖွဲ့များပူးပေါင်းပြီး၊ ဧပြီလမှစတင်၍ နိုဝင်ဘာလအထိ စည်းရုံးရေးဆင်းမည်ဟု Gender and Developmene Initiative အဖွဲ့မှ ဦး ဆောင်သူ ဦးဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမသို့ ပြောသည်။
“ဒီလို စည်းရုံးရေးဆင်းတာဟာ ချင်းအမျိုးသမီးတွေအနေနဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာစေဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မြို့နယ်ကိုးခုက ချင်းအမျိုးသမီးနှစ်ဦး ၀င်ရောက် အရွေးခံခွင့် ရစေဖို့နဲ့ ချင်းအမျိုးသမီးတွေရဲ့ အမွေဆက်ခံခွင့်ကိစ္စ ဆွေးနွေးဖို့၊ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေက အမျိုး သမီးအကြမ်းဖက်ခံရတာတွေ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး ချင်းအမျိုးသမီးညီလာခံ ပေါ်ပေါက်လာအောင် လုပ်တာပါ”ဟု ဦးဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
ထို့ပြင် စည်းရုံးရေးဆင်းရာတွင် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်အပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးအဖွဲ့အစည်းများ မျိုးနွယ်စုအခြေ ပြု အဖွဲ့အစည်းများစုစည်းနှင့် ဒေသခံအဖွဲ့အစည်း၊ conference များဖြင့် အမျိုးသမီးများ ပိုမိုပါဝင်လာ အောင် ဆွေးနွေးပွဲများဖြင့် စည်ရုံးလှုံ့ဆော်သွားမည် ဖြစ်သည်။
ချင်းအမျိုးသမီးညီလာခံပေါ်ပေါက်လာပါက ချင်းပြည်နယ်ရှိ အမျိုးသမီးများ၏အခွင့်အရေးများ၊ ဒေသတွင်း လိုအပ်ချက်များနှင့် ချင်းအမျိုးသမီးအဖွဲ့အစည်းများ အပြန်အလှန် ယုံကြည်မှုရှိစေရန်ဖြစ်သည်ဟု ၎င်းက ထပ်မံပြောကြားသည်။
ချင်းအမျိုးသမီးညီလာခံကို နိုဝင်ဘာလတွင် ပထမဦးဆုံးကျင်းပမည်ဖြစ်ပြီး ညီလာခံဖြစ်မြောက်ရေးကို ချင်းအမျိုးသမီးအလုပ်အမှုဆောင်အဖွဲ့၊ မတူကီအမျိုးသမီးအဖွဲ့များနှင့် Gender and Development Initiative အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
No comments:
Post a Comment