ဇော်ဇော်ထွေး
ကုန်ပစ်္စည်းတန်ဖိုးငွေကျပ် သိန်း ၉၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲပစ်ကြသည်ဟု ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးက အမှုဖွင့်တိုင်တန်းလိုက်သဖြင့် မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းက မတ်လ ၁၉ တွင် အမှုဖွင့်စစ်ဆေးနေသည်။
အဆိုပါ အမှုကို ထောက်ကြန့်၊ အမှတ် (၃)လမ်းမကြီဘေးရှိ Myanmar Brewery Limited ၏ ကုန်စည် ဖြန့်ဖြူးရေးမန်နေဂျာဖြစ်သူ ဦးသက်ဆွေက အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။
၎င်းသည် မော်လမြိုင်မြို့၊ ဈေးချိုရပ်၊ ရတနာထွန်းပွဲရုံရှိ ပွင့်နဒီ မြန်မာဘီယာဖြန့်ချိရေးလုပ်ကိုင်သူ ဦးအောင် ကိုကိုနှင့် အင်းစိန်မြို့နယ် အနောက်ဈေးကုန်းရပ်ကွက်နေ သယ်ယူပို့ဆောင်ရေး တာဝန်ခံဖြစ်သူ ဦးဇေယျာ ဦး (SMS Transportation) တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ထိုသူနှစ်ဦးထံသို့ မြန်မာဘီယာများကို ၂၀၁၃ ခုနှစ် ဧပြီ ၁၉ ရက်မှ ဧပြီ ၃၀ ရက် အထိခုနစ်ကြိမ် ပေးပို့ ထားရှိခဲ့သည်ဟု အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ထိုပစ္စည်းတန်ဖိုးငွေ ကျပ်သိန်း ၉၄၀ ကျော်ကို ကုမ္ပဏီမှစာချုပ်ဖြင့် ယုံကြည်စွာ အပ်နှံမှုအပေါ် အထက်ပါ နှစ်ဦးက ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြဖြင့် ဖမ်းဆီးအရေးယူပေးရန်အမှုဖွင့်တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၇၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူများကို ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကာ ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၄၀၉/၄၀၇ တို့ဖြင့် အရေးယူသွားမည်ဟု ရဲတပ် ဖွဲ့က ဆိုထားသည်။
No comments:
Post a Comment